Latest News

Thursday, February 15, 2018

ဥတ္တရသီရိမြို့နယ် မကွေး-ကံပြားလမ်းအနီးတွင် ဗုံးသီးဟောင်းများ ​တွေ့ရှိ

ဥတ္တရသီရိမြို့နယ် မကွေး-ကံပြားလမ်းအနီးတွင် ဗုံးသီးဟောင်းများ ​တွေ့ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်- မကွေး-ကံပြားလမ်း မိုင်တိုင်အမှတ် (၁၅/၆)နှင့်(၁၅/၇)ကြား လမ်းယာဘက်(၃)ဖာလုံခန့်အကွာ တောတွင်းလှည်းလမ်းပေါ်၌ ဗုံးသီးဟောင်း (၄)လုံးအား ဥတ္တရသီရိမြို့နယ်၊ မသိမ်ကျေးရွာမှ ဦးစောထွန်းက လွန်ခဲ့သော(၂)လခန့်က တောင်ယာသို့ သွားရောက်စဉ် တွေ့ရှိခဲ့ကြောင်း သိရသဖြင့် ယနေ့နံနက် (၉)နာရီက  ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ခင်မောင်သန်း ၊ အမှတ်(၂)တပ်မတော်တမ်းမြင့် လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူး ကြည်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေရာတွင် မတွေ့ရှိသဖြင့် ဆက်လက်ရှာဖွေခဲ့ရာ  ၎င်းနေရာနှင့် (၁)ဖာလုံခန့်အကွာ တောင်ယာတဲတွင် နေထိုင်သည့် မင်းမင်းထွန်း(၃၂)နှင့် ကျော်ထက်လွင်(၁၆)နှစ် တို့ထံတွင် ရောက်ရှိနေကြာင်း သိရသဖြင့် သွားရောက်ရှာဖွေရာ မင်းမင်းထွန်း၏ တဲအနီးချောက်အတွင်းမှ ဗုံးသီးဟောင်းနှစ်လုံး၊ ကျော်ထက်လွင်တဲအနီးမှ ဗုံးသီး(၁)လုံးနှင့် အနီးနားရှိ ဝါးရုံအတွင်းမှ ဖျက်စီးထားသည့် ဗုံးသီး(၁)လုံး စုစုပေါင်း (၆၀ မမ) စိန်ပြောင်း ဗုံးသီးဟောင်း (၄)လုံးအား တွေ့ရှိခဲ့ပြီး တက်ရှိန်းနယ်မြေရဲစခန်းမှူး ရဲအုပ် လေးနိုင်မှ တကက(၂)မိုးစွေမှ ဗိုလ်မှူး ကြည်ထွေးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
 ဥတ္တရခရိုင်ပြန်/ဆက်

No comments:

Post a Comment