Latest News

Monday, February 26, 2018

တပည့်တွေအတွက် ရင်ကွဲနာကျ သေဆုံး ခဲ့ရတဲ့ အလယ်တန်းပြ ဆရာမလေး မသန်းသန်းစိုး ကောင်းရာသုဂတိ လားပါစေ ...

တပည့်တွေအတွက် ရင်ကွဲနာကျ သေဆုံး ခဲ့ရတဲ့ အလယ်တန်းပြ ဆရာမလေး မသန်းသန်းစိုး ကောင်းရာသုဂတိ လားပါစေ ...

     ၂၅.၂.၂၀၁၈ နေ့ ညနေ ငါးနာရီလောက်က လုံးတုံတိုက်နယ်အပိုင် အင်းတော်ကြီး အရှေ့ဘက်ကမ်းက လုံးစန့်ဆိုတဲ့ ရွာကလေးမှာ အလယ်တန်းပြ တာဝန်ကျနေတဲ့ ဆရာမလေး  ဒေါ်သန်းသန်စိုးဟာ ချစ်တပည့်ကျော်တွေက ဘုရားဖူးချင်တယ်ဆိုလို့  ရွှေမဉ္ဇူ ရေလယ်ဘုရားကို လိုက်ပို့ခဲ့ပါတယ် ။ ဘုရားပွဲ ကာလလည်းဖြစ် ၊ စာမေးပွဲအတွင်းမှာ အားလပ်ရက် တရက် ဖြစ်တာကြောင့် တပည့်တွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆီးပေးခဲ့ရင်း မမျှော်လင့်ပဲ မုန်တိုင်း ကျရောက်လာမှုကြောင့် သူတို့စက်လှေကလေး အင်းတော်ကြီးရေလယ်ခေါင်မှာ  နစ်မြုပ်ခဲ့ပါတော့တယ် ။

     လှေနစ်မြုပ်ရာမှာ သူမအပါအဝင် တပည့် အချို့ကို ကယ်တင်လိုက်နိုင်ပေမဲ့ သူချစ်တဲ့ တပည့်  ၈ ယောက် အသက်ပျောက်ခဲ့ရတာကို ခံစားရင်း သူမစိတ်တွေ ဆောက်တည်ရာမရ ဖြစ်နေတာဟာ မနေ့ည ကတည်းကလို့ ဆိုပါတယ် ။ သူမစိတ်ထဲမှာ သူ့ချစ်တဲ့တပည့်တွေကို သူမကယ်တင်လိုက်နိုင်တာကို အားမလို အားမရဖြစ်တာရော ၊ ကိုယ်တိုင် သေမင်းနဲ့ စစ်ခင်းပြီး အသက်လုခဲ့ရတာတွေရောကို တွေးတောရင်း အကြောက်လွန်တဲ့ စိတ်တွေ ဖြစ်သွားခဲ့ပါတယ် ။ တပည့်တွေကို ဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းစိတ်တွေ  စတဲ့ စိတ်တွေကြောင့်ပဲ ဆရာမလေးဟာ စိတ်ဒဏ်ရာ အကြီးအကျ ရခဲ့ပါတယ် ။ အလယ်တန်းပြ ဆရာမလေး ဒေါ်သန်းသန်းစိုး ဟာ ၂၆.၂.၂၀၁၈ နေ့ ဒီနေ့မှာ မိုးညှင်းဆေးရုံကို ဆေးကုမှု ခံယူဘို့သွားရင်း လမ်းခုလပ်မှာပဲ သေဆုံးခဲ့ရပါတယ် ။

     ဆရာမလေး ဒေါ်သန်းသန်းစိုးဟာ ဟိုပင် ဇာတိဖြစ်ပြီး အသက်(၃၀) နှစ် ရှိပြီ ဖြစ်ပါတယ် ။ လုံးစန့် ကျေးရွာ အလယ်တန်းကျောင်းမှာ အလယ်တန်းပြ တာဝန်းထမ်းဆောင်ခဲ့တာ ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ် ။ခုတော့ ဆရာမလေးဟာ သူ့တပည့်(၈)ယောက်( စက်လှေမှောက်ရာတွင် သေဆုံးသွားသူ) နောက်ကို လိုက်သွားခဲ့ရှာပြီ ။

  ဆရာမလေး ဒေါ်သန်းသန်းစိုး ကောင်းရာသုဂတိ လားပါစေ

ဇော်​မိုးထက်​(ဖားကန့်​)

No comments:

Post a Comment