Latest News

Tuesday, February 6, 2018

ဘင်္ဂါလီ(၂၁) ဦးအပြင် တင်ဆောင်လာသူယာဉ်မောင်း၂ဦးအားဥပဒေအရထိရောက်စွာအရေးယူမည်

ဘင်္ဂါလီ(၂၁) ဦးအပြင် တင်ဆောင်လာသူယာဉ်မောင်း၂ဦးအားဥပဒေအရထိရောက်စွာအရေးယူမည်

ပုသိမ် ဖေဖေါ်ဝါရီ၆ရက်

 ညောင်တုန်းမြို့နယ် ရန်ကုန်ပုသိမ်ကားလမ်းမိုင်တိုင်အမှတ် ၂၉/၅နှင့် ၂၉/၆အကြားသင်းစုကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ၃ရက်နေ့ကဖမ်းဆီးရမိသည့် ဘင်္ဂါလီ (၂၁ )ဦးနှင့်ပတ်သက်ပြီး ပွဲစားအဖြစ် ပို့ဆောင်ခေါ်ယူလာသောယာဉ်မောင်း ၂ဦးကို ဥပဒေအရ ထိရောက်စွာအရေးယူပေးပါရန်ဆားမလောက် ရဲကင်းရဲစခန်း ရဲအုပ် သူရိန်လင်းမှ မဲဇာလီနယ်မြေရဲစခန်းသို့ဖေဖေါ်ဝါရီ၃ရက်နေ့ ကတိုင်ကြားစာပို့ပေးခဲ့ကြောင်းသတင်းရသည်


ရခိုင်ပြည်နယ်သံတွဲမြို့မှ ရန်ကုန်သို့အခကြေးယူကာပို့ဆောင်ခဲ့သူယာဉ်မာင်းတင်ထွန်းအောင် မွတ်စလင် အစ္စ္စလာမ် ပတ္တမြားလမိး(၆)ရပ်ကွက် သံတွဲမြို့ ရခိုင်ပြည်နယ်နေသူနှင့် ပို့ဆောင်ရာ တွင် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့သူထွန်းထွန်းနိုင်(ခ)သားသား ရခိုင်/ဗုဒ္ဓမြပြင်ရပ်ကွက် သံတွဲမြို့ နယ် ရခိုင်ပြည်နယ် နေသူအားညောင်တုန်းတွင်အမူ့ဖွင့်အရေးယူဖို့ရန်ဖြစ်သည်

ဖေဖေါ်ဝါရီ ၃ရက်နေ့နေ့လည် ၂နာရီအချိန်ခန့်က ဆားမလောက် ရဲကင်းရဲစခန်းမှရဲအုပ် သူရိန်လင်း စခန်းမှူးတာဝန်ဆောက်ရွက်နေစဉ်ရန်ကုန်အမြန်တက်ကားလမ်း၌ ရပ်တန့်ထားသောယာဉ်အမှတ်9J/7977ပေါ်တွင် မသကာင်္ဖွယ်ယာ လူများတက်ဆောင်ထားကြောင်းသတင်းရ၍ သွားရောက်စစ်ဆေးခဲ့ရာ ဘင်္ဂါလီ (၂၁ )ဦး နှင့်သယ်ဆောင်သူ ၂ ဦးအားတွေ့ရှိခဲ့ခြင်းဖြစ်သည်

တရားမဝင် သွားလာသူ မွတ်စလင် လူမျိုး(၂၁)ဦးအားညောင်တုန်းမြို့နယ် လူဝင်မူ့ ကြီးကြပ် ရေးဦးစီးဌာန ဦးစီးမှူးမှာလည်း အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်

 ဘင်္ဂါလီ၂၁ ဦးနှင့်သယ်ဆောင်သူ ယာဉ်မောင်းနှစ်ဦးကို ဥပဒေအရ တရားစွဲဆိုရန် ညောင်တုန်းတွင် ဖေဖေါ်ဝါရီ ၃ရက်နေ့ နေ့လည်ပိုင်းက ညောင်တုန်းမြို့နယ်တရားရုံးတွင် စီစဉ်ထားကြောင်း ညောင်တုန်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးထံမှသိရသည်

လက်ရှိတွင် ပေါ့လျော့စွာစစ်ဆေးသည့် ရေနံ့သာစစ်ဆေးရေးဂိတ်ကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးက ဒုရဲမှူးကြီးခင်မောင်လတ်ထံမှ သတင်းရ ရှိသည်

ရွှေရည်ဝင်း

No comments:

Post a Comment