ရန်ကုန် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့ နယ်နှင့် ဒေါပုံမြို့နယ်တို့သို့ ပုဇွန်တောင်ချောင်းအား ဖြတ်သန်းကာ တည် ဆောက်နေသော ဂျပန်နည်းပညာသုံး လေးလမ်းသွားသာကေတ တံတားသစ်စီမံကိန်းသည် ယခုအချိန်တွင် ၈ဝ ရာခိုင်နှုန်းပြီးစီးလာပြီဖြစ်ရာ လာမည့်ဇူလိုင်လတွင် အပြီးတည်ဆောက်ပြီး အသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း တံတားကြီးအား တာဝန်ယူ တည်ဆောက်နေသော ဂျပန်နိုင်ငံ NIPPON KOEI Engineering Consultants မှ သိရသည်။
''ဒီတံတားကြီးကို ယခုတည်ဆောက်နေတဲ့ ပုံစံက ဂျပန်နိုင်ငံရဲ့ နေရာအတော်များများမှာ တည်ဆောက်ထား ပါတယ်။ အိန္ဒိယ၊ ရုရှား နိုင်ငံတွေမှာလည်း တည်ဆောက် ထားပါတယ်။ မြန်မာနိုင်ငံမှာ ကတော့ ဂျပန်နည်း ပညာသုံး ပြီး ဒါဟာ ပထမဆုံး တည်ဆောက်နေတာလို့ ပြောရမှာပါ။ Extradosed နှင့် Single Box Girder ရယ် နှစ်မျိုးပေါင်းစပ်ပြီး တည်ဆောက် ထားပါတယ်။
ထပ်မံတည်ဆောက်မယ့် သန်လျင်တံတားသစ်ကိုလည်း ယခု တည် ဆောက်နေတဲ့ သာကေတ တံတားပုံစံ အတိုင်းပဲ တည်ဆောက်သွားမှာပါ။ ယခုတံတားစီမံကိန်း ပြီးစီးမှု ကတော့ ၈ဝ ရာခိုင်နှုန်းပြီးစီးနေပါပြီ'' ဟု NIPPON KOEI Engineering Consultantsမှ သာကေတတံတား တည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာ Kei KASAHARA က ပြောသည်။
တံတားတည်ဆောက်ရေးစီမံကိန်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အနီးကပ် ကြီးကြပ်မှု၊ ပူးပေါင်း ဆောင် ရွက်မှု များဖြင့် ဂျပန်နိုင်ငံ NIPPON KOEI ကုမ္ပဏီမှ Consultants အဖြစ်တာဝန်ယူပြီး The Consortium of Tokyu- Toyo-IIK (Tokyu Construction Co.,Ltd.၊ Toyo Construction Co.,Ltd. and IHI Construction Co.,Ltd.) တို့မှ ၂ဝ၁၅ ခုနှစ် ဧပြီလတွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
တံတားကြီးကို ဂျပန်ယန်း ၄၂၁၆ သန်း (အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်) အကုန်အကျခံကာ ဂျပန်နိုင်ငံ၏အကူအညီ အထောက်အပံ့ငွေဖြင့် တည်ဆောက်ခြင်းဖြစ် ကြောင်း၊ သာကေတ တံတားဟောင်းနှင့်အပြိုင် ပုဇွန်တောင်ချောင်းအား ဖြတ်သန်းတည် ဆောက်နေခြင်းဖြစ်ကြောင်း တံတားစီမံကိန်း ရုံးမှသိရသည်။
တံတားတည်ဆောက်ရေးတွင် ဂျပန်အင်ဂျင်နီယာများအပြင် မြန်မာ အင်ဂျင်နီယာများ၊ ဗီယက်နမ်နှင့် ထိုင်းအင် ဂျင်နီယာများပါ ပါဝင်ပြီး လုပ်သားအင်အား ၁ဝဝ ကျော်ဖြင့် နေ့/ည ဆောင်ရွက်နေခြင်းဖြစ်သည်။
တံတားကြီး ၏အရှည်သည် ၈၃ဝ ပေ (၂၅၃ မီတာ)ရှိပြီး ၂ဝ ဒသမ ၅ မီတာကျယ်ကာ ကြိုတင် အားဖြည့်သံကူ ကွန်ကရစ် ကြိုး ဆိုင်း တံတား (Extra-Dosed Bridge) တံတား အမျိုးအစားဖြစ်သည်။ ထို့ပြင် လေးလမ်းသွားဖြစ်ပြီး ကားလမ်းဘေးတွင် လူသွားလမ်း အသွား/အပြန် ပါရှိကြောင်း သိရသည်။ မောင်မျိုး(ဧရာဝတီ)မြ၀တီ
No comments:
Post a Comment