Latest News

Wednesday, February 7, 2018

ဒူတာတေက အာရှ-ဥရောပ ထိပ်သီးညီလာခံသို့ ဖိတ်ခေါ်မှုကို ဒေါသတကြီး ပယ်ချ

ဒူတာတေက အာရှ-ဥရောပ ထိပ်သီးညီလာခံသို့ ဖိတ်ခေါ်မှုကို
ဒေါသတကြီး ပယ်ချ

မနီလာ ဖေဖော်ဝါရီ ၇

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေသည် ဘရပ်ဆဲမြို့၌ပြုလုပ်မည့် အာရှ-ဥရောပ ထိပ်သီးညီလာခံသို့ ဖိတ် ခေါ်မှုကို ဒေါသတကြီး ပယ်ချကာ ဥရောပသမဂ္ဂသည် ၎င်း၏မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို စော်ကားအ ပြစ်တင်ထားသည်ဟု ဖေဖော်ဝါရီ ၆ ရက်နှောင်းပိုင်းတွင် အစိုးရဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ထပ်မံပြောဆို လိုက်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး ကုန်သွယ်ဖက် အဖွဲ့အစည်းဖြစ်သည့် ဥရောပ သမဂ္ဂသည် အသုံးမကျသော အဖွဲ့အစည်းဖြစ်ကြောင်း ဒူတာတေက အပြစ်တင်ထားပြီး ၎င်း ၏မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးအပေါ် အပြစ်တင်ရှုတ်ချသည့် အနောက်နိုင်ငံများနှင့် ပတ်သက်၍ နှုတ်ဆိတ်ငြိမ်ခံနေမည် မဟုတ်ကြောင်းပြောသည်။

 အောက်တိုဘာလတွင် ပြုလုပ်မည့် နှစ်နှစ်တစ်ကြိမ်ကျင်းပမြဲဖြစ်သော အာရှ-ဥရောပ ထိပ်သီးညီလာခံသို့ တက်ရန် ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်က ဖိတ်ခေါ်ပြီးနောက် ယင်းဖိတ်ခေါ်မှုကို ဒူတာတေက ဒေါသတကြီး ပယ်ချလိုက်ခြင်းဖြစ်သည်။ ဒူတာတေ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများက အပြစ်တင်ဝေဖန်ထားပြီး လူ ၄ဝဝဝ နီးပါးသေဆုံးစေသည့် ၎င်းစစ်ဆင်ရေးကြောင့် ဒူတာတေသည် လူ့အဖွဲ့အစည်းအပေါ် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်းနှင့် ထိုပြစ်မှု အတွက်တာဝန်ယူရမည် ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောထားသည်။

အဆိုပါ အပြစ်တင် ဝေ ဖန်မှုများနှင့် စွပ်စွဲမှုများရှိနေသော်လည်း ဒူတာတေသည် ၎င်း၏သမ္မတ သက်တမ်းခြောက်နှစ်အတွင်း ယင်း စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပြုထားသည်။

ဒူတာတေက ၎င်းသည် အခြားသောသမ္မတများနှင့် မတူကြောင်း၊ မည်သည့်အတွက်နှင့်မျှ ၎င်း၏ခြေလှမ်းကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ ထို့ပြင် ခရီးသွားရသည်ကိုလည်း နှစ်သက်ခြင်းမရှိကြောင်း ဆက်ပြောသည်။ ထို့ပြင် ဒူတာတေသည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရန် ဒေါ်နယ်ထရမ့်၏ ဖိတ်ခေါ်မှုကို လည်း ငြင်းပယ်ထားကြောင်း သိရသည်။(MWD)

No comments:

Post a Comment