Latest News

Friday, February 9, 2018



ပြည်ထဲရေး
(Unicode Version)

မြဝတီမြို့၌ ဘင်္ဂါလီ ၇ ဦးဖမ်းဆီးရမိမှု
*****************************************
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ၁၂၃၀ အချိန် မြဝတီမြို့၊ (၅)ရပ်ကွက်၊ (၁၃)ဂိတ် သစ်၌ တစ်ဖက်နိုင်ငံသို့သွားရောက်မည့် မသင်္ကာဖွယ် ၇ ဦး(ကျား ၂၊ မ ၅)ရောက်ရှိနေ၍ ထိန်းသိမ်းထားကြောင်း ခစတတပ်နယ်(၃)ဂိတ် တာဝန်ရှိသူမှ ဖုန်းဆက်အကြောင်းကြား၍ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ ခစတ တပ်နယ်(၃)မှ နိုင်မောင်ဇော် ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဟူစိန်အာမဒ်(၁၆)နှစ်ပါ ဘင်္ဂါလီလူမျိုး ၇ ဦး (ကျား ၂၊ မ ၅) တို့အား တွေ့ရှိ၍ ၁၅၃၀ အချိန်တွင် မြို့နယ်လဝကမှူး ဦးအောင်ဇော်မင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပါ သည်။
၎င်းတို့သည် ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ဦးလေးတော်စပ်သူ အရွတ်ထံ သွားရောက်ရန် မြဝတီမြို့၊ (၅)ရပ်ကွက် (၁၃) ဂိတ်သစ်သို့ ရောက်ရှိစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆို သဖြင့် အမှုဖွင့်ရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment