Latest News

Friday, February 9, 2018

၂၀၂၀ ရွေးကောက်ပွဲ တွင် အောင်မြင်ရန် ယုံကြည်မှု အပြည့်ရှိ ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္က ဦးသန်းဌေး ပြော

၂၀၂၀  ရွေးကောက်ပွဲ တွင် အောင်မြင်ရန် ယုံကြည်မှု အပြည့်ရှိ ဟု
ပြည်ခိုင်ဖြိုးပါတီ ဥက္က ဦးသန်းဌေး ပြော

   လာည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အောင်မြင်နိုင်ရေး ကြိုးစားနေပြီး  ယုံကြည်မှုလည်းအပြည့်ရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ကပြောကြားလိုက်သည်။
 ဖေဖော်ဝါရီ ၆ ရက်နေ့က မုံရွာမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သော ပြည်ခိုင်ဖြုးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့များနှင့် စစ်ကိုင်းတိုင်းဒေသကြီး မှ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ၌ ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

       " အောင်မြင်ဖို့ ဥက္ကဌ တစ်ယောက်တည်းလုပ်လို့မရပါ၊ ဗဟိုအလုပ်အမှုဆောင် လူ ၄၀ လည်းလုပ်မရဘူး၊ ဒီမှာရှိတဲ့ တိုင်း EC က ၁၅ ယောက်နဲ့လည်းမရဘူး၊မြို့နယ်လည်းမရဘူး ၊မင်းတို့ လူငယ်လေးတွေ ပြည်သူတွေထဲရောက်အောင်သွားရမယ်၊ သွားဖို့ မကြောက်ပါနဲ့၊မသိမ်ငယ်ပါနဲ့ ၊လူတိုင်းဘွဲ့ရ မဟုတ်ဘူး၊ လူတိုင်းဆယ်တန်းအောင်မဟုတ်ဘူး၊ လူတိုင်းအလယ်တန်းနေဖူးတာမဟုတ်ဘူး၊ သူတို့နားလည်းအောင် ပြောတက်တဲ့ အရည်အချင်းတွေ မင်းတို့မှာ ရှိတယ်လို့ အားပေးမချင်တယ်၊ပါတီ ဌာန ချုပ်မှာ အမျိုးသမီးများ၊လူငယ်များအတွက် နေရာတွေအများကြီးပေးထားတယ်၊ ရဲရဲတင်းတင်းတက်လာခဲ့ပါ၊ ၂၀၁၅မှာတုန်းက  လူတွေ ရဲ့ သဘောထားလေး နည်းနည်းလေး ပြောင်းသွားတာနဲ့အနိုင်အရှုးံ ဆိုတာ ဖြစ်သွားတယ်၊ စိတ်ဓာတ်မကျပါနဲ့၊ အလံမလဲတဲ့ စိတ်ဓာတ်နဲ့ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်"ဟု ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးသန်းဌေး ကပြောသည်။

    ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် လူငယ်များ တွေ့ဆုံပွဲကို တိုင်းနှင့်ပြည်နယ်များတွင် ပြုလုပ်နေပြီး စစ်ကိုင်းတိုင်းတွေ့ဆုံပွဲ၌ မုံရွာ၊ချောင်းဦး၊အရာတော်၊ဘုတလင်၊ ယင်းမာပင်၊ပုလဲ၊ ဆားလင်းကြီး၊ကနီ၊ စစ်ကိုင်း၊မြင်းမူ၊မြောင် မြို့နယ်တို့မှာ ပါတီ ၀င် လူငယ် ၉၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment