Latest News

Monday, February 19, 2018

ရွှေတောင်ကျောက်မီးသွေး ကုမ္ပဏီ(ပလူဇ၀)ယာဉ်တစ်စီးနှင့် ကလေးမြို့တွင်းဖုန်းကြိုးချိတ်မိ၍ ဖုန်းကြိုးတိုင် များလဲကျမှုဖြစ်ပွား

ရွှေတောင်ကျောက်မီးသွေး ကုမ္ပဏီ(ပလူဇ၀)ယာဉ်တစ်စီးနှင့်
ကလေးမြို့တွင်းဖုန်းကြိုးချိတ်မိ၍ ဖုန်းကြိုးတိုင် များလဲကျမှုဖြစ်ပွား

ကလေး   ဖေဖော်ဝါရီ   ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သဇင်ရပ်ကွက်တွင်
ရွှေတောင် ကျောက်မီးသွေး ကုမ္ပ ဏီ(ပလူဇ၀)ယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၁၇ ရက် ည၉ နာရီခွဲအချိန်က ကျိမ်နွဲလမ်းဒေါင့်ရှိ တယ်လီဖုန်းဖိုက်ဘာကေဘယ်ကြိုးများနှင့်ချိတ်မိ၍ ဖုန်းကြိုးတိုင် ၁၉
တိုင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း ကလေးခရိုင်ရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။
 
ဖြစ်စဉ်မှာ ကလေးမြို့ သဇင်ရပ်ကွက်၊ ကျိမ်နွဲလမ်းကြားမှ
မြောက်မှတောင်သို့ယာဉ်မောင်း စန်းမြင့်ထွန်း(သ)၃၈ နှစ်(ဘ)ဦးစန်းဝင်း၊ယာဉ်မောင်း၊ ရွှေတောင်ကျောက်မီးသွေးကုမ္ပဏီ(ပလူဇ၀)၊ သစ် ချောက်ကျေးရွာ၊ကလေးဝမြို့နယ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဦးငွေဇင်(သ)၄၂နှစ် ရွှေ တောင်ကုမ္ပဏီ(ပလူဇ၀)၊ အိမ်အမှတ်(၆၇၈)၊ခိုင်ရွှေဝါလမ်း၊ (၄၅)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးလိုက်ပါ၍ မောင်းနှင်လာသည့်ယာဉ်အမှတ် YGN-1C/----- SCANIAအမျိုးအစား၊ အပြာ ရောင်(၁၀)ဘီးမော်တော်ယာဉ်သည်ဗိုလ်ချုပ်လမ်းပေါ်တက်ရောက်ပြီး အနောက်ဘက်သို့မောင်းနှင်စဉ်ကျိမ်နွဲလမ်းဒေါင့်ရှိ တယ်လီဖုန်းဖိုက်ဘာကေဘယ်ကြိုးမျးနှင့်ကား၏အနောက်ယာဘက်နောက်ပိတ်အပေါ် ချိတ်ဖြင့်ချိတ်ပါပြီးကားအားဆက်လက်မောင်းနှင်ခဲ့သဖြင့် ကားနောက်တွင် တယ်လီဖုန်းဖိုက်ဘာကေဘယ်ကြိုးများငြိပါလျက် ကျိမ်နွဲလမ်းဒေါင့်မှစ၍ဖုန်းတိုင်များလမ်းပေါ်သို့လဲကျခဲ့ရာ ကားမှာတပ်မတော်ယာဉ် သို
လှောင်ရေးတပ်စု(ကလေး)ရှေ့အရောက်တွင် ရပ်တန့်သွားခဲ့သည်။

အဆိုပါဖုန်းတိုင်များလဲကျမှုနှင့်ပတ်သက်၍
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ကလေးမြို့တွင်း ကေဘယ်တာဝန်ခံ
လက်ထောက်ကြီးကြပ်ရေးမှူး ဦးမောင်မောင်အေးဦးစီး၍ ၀န်ထမ်းခုနစ်ဦးတို့ကလိုက်လံ စစ်ဆေးရှင်းလင်းခဲ့ရာ အရှည် ၂၁ ပေ၊ အရင်းလုံးပတ် ၂၁ လက်မ၊အဖျားလုံးပတ် ၁၈ လက်မခန့်ရှိ ဖုန်း တိုင် ၁၉ တိုင်လဲကျ၍သုံးတိုင်ယိုင်နဲ့ခဲ့ပြီး O/H Cable 30 PR တစ်ချောင်း၊ 20 PR လေးချောင်း၊10 PR တစ်ချောင်း၊ ဖိုက်ဘာကေဘယ်ကြိုး 12 COLE ငါးချောင်း စုစုပေါင်းကြိုး၁၁ ချောင်း၊ ကြိုးတစ်ချောင်းလျှင် အရှည် ၁၃၀၀ မီတာခန့်ပျက်စီးခဲ့ကာဆုံးရှုံးမှုတန်ဖိုးအား စိစစ်လျက်ရှိကြောင်း၊ ဖုန်းတိုင်တစ်တိုင်နှင့် တစ်တိုက်ကြားအကွာအဝေးမှာ  ၁၆၄ ပေခန့်ရှိပြီး ဖုန်းတိုင်လဲကျမှုကြောင့်ခေတ္တလမ်းပိတ်ဆို့ခဲ့သဖြင့် ကလေး ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးရွှေဝင်းဦးစီး၍ ရဲတပ် ဖွဲ့ဝင် ၃၆ ဦး၊ အမှတ်-၁၀၇ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှူးရုံး (ကလေး)မှ ရဲအုပ်ချစ်မင်းထွန်းဦးစီး၍ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုဌေးဦးစီး၍မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးတို့က လမ်းရှင်းလင်းခဲ့ကြရာ ည ၁၀ နာရီခွဲအချိန်ထိဗိုလ်ချုပ်လမ်းပေါ်တွင် ယာဉ် များဖြတ်သန်းသွား လာနိုင်ခဲ့ကာ ကလေးမြို့ပင်လုံ၊ ချမ်းမြေ့အောင်စည်၊ သဇင်ရပ်ကွက်နှင့် နတ်ကြီးကုန်း၊လက်ပံချောင်း၊ အောင်မြင်သာကျေးရွာများအတွင်း
ဖုန်းလိုင်းများပြတ်တောက်ခဲ့ကြောင်း ကလေးခရိုင် ရဲ တပ်ဖွဲ့မှူးရုံးမှ
သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊
ကလေးမြို့တွင်း ကေဘယ် တာဝန်ခံ လက်ထောက်ကြီးကြပ်ရေးမှူး ဦးမောင်မောင်အေးကအမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းသား(မြန်​မာ့အလင်း)

No comments:

Post a Comment