Latest News

Monday, February 19, 2018

အဆန်စီယိုကို မည်သည့်အသင်းမှ မခေါ်ယူနိုင်ရန် ရီးယဲလ်အသင်း တန်ဖိုးသတ်မှတ်

အဆန်စီယိုကို မည်သည့်အသင်းမှ မခေါ်ယူနိုင်ရန်  ရီးယဲလ်အသင်း တန်ဖိုးသတ်မှတ်

ရီးယဲလ်မက်ဒရစ်အသင်းသည် အဆန်စီယိုကိုအသင်းမှ မထွက်ခွာရေးအတွက် ပေါင် ၆၂၁ သန်း(ယူရို သန်း ၇ဝဝ) အထိ တန်ဖိုးသတ်မှတ်ထားရာ  အဆန်စီယိုကို ပီအက်စ်ဂျီ ကဲ့သို့  ငွေသုံးကြမ်းသည့်အသင်းပင် ခေါ်ယူရန် မဖြစ်နိုင် တော့ကြောင်း သိရသည်။  ပြီးခဲ့သည့် နွေဈေးကွက်အတွင်း အဆန်စီယိုကို ပရီမီယာလိဂ်ကလပ်အသင်းတစ်ခုက ပေါင် ၁၃၃ သန်းဖြင့်  ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ရီးယဲလ် မက်ဒရစ်အသင်းက  ပယ်ချခဲ့သလို  ဥက္ကဋ္ဌ  ပီရက်ဇ်က ''တကယ်လို့ အသင်းတစ်သင်းက မယ်လိုကန်(အဆန်စီယို)ကို ခေါ်ယူချင်တယ်ဆိုရင် ယူရိုသန်း ၇ဝဝ ကုန်ကျပါမယ်''ဟု လူသိရှင်ကြား ဖွင့်ဟထားပြီးဖြစ်သည်။

ပီရက်ဇ်၏ ပြောစကားမှာ အဆန်စီယို၏ စာချုပ်ပါ အချက်ကို ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်ဟု ယူဆရပြီး ယူရိုသန်း ၇ဝဝ ဆိုသည့်ပမာဏမှာ  ယူရိုဘီလီယံနား ကပ်နေပြီဖြစ်ရာ  မည်သည့်အသင်းကမှ  အဆန်စီယိုကို ခေါ်ယူရန်မဖြစ်နိုင်သည့်   အနေအထားပင်ဖြစ်သည်။ အဆန်စီယိုမှာ ယခုနှစ်ဘောလုံးရာသီအတွင်း ရီးယဲလ် အတွက် ကိုးပွဲသာ ဝင်ရောက်ကစားခွင့်ရရှိထားရာ ဥက္ကဋ္ဌ ပီရက်ဇ်က စိတ်ရှည်စွာ စောင့်ဆိုင်းရန် တိုက်တွန်းထား ရကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ သည့်  ပွဲစဉ်တွင်  အဆန်စီယို  ဝင်ရောက်လာပြီးနောက် ရီးယဲလ်တိုက်စစ်ပိုင်းအသက်ဝင်လာခဲ့ကာ စီရိုနယ်လ်ဒိုနှင့် မာဆယ်လိုတို့ သွင်းယူခဲ့သည့် နှစ်ဂိုးစလုံးကို အဆန်စီယိုက ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ပရီမီယာလိဂ်အသင်းကြီးများ ဖြစ်သည့် ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ်၊ လီဗာပူးတို့က အဆန်စီယိုကို အလိုရှိနေချိန်တွင် ရီးယဲလ်အသင်းက မဖြစ်နိုင်သည့်တန်ဖိုးကို သတ်မှတ်ကာ အဆန်စီယိုကို ဆက်ထိန်းနိုင်ရေး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

အခြားသတင်းတစ်ရပ်အရ ရီးယဲလ်မက်ဒရစ်အသင်း က ချယ်လ်ဆီးသာ အဆန်စီယိုကို ခေါ်ယူလိုပါက ဟာဇက် အပြင် ယူရိုသန်း ၅ဝဝ  အထိ   အလိုက်ပေးရမည်ဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်  ရက် သတ္တပတ်က အသက်(၂၆)နှစ်ပြည့်ခဲ့သည့် နေမာမှာ ပြီးခဲ့ သည့်နွေဈေးကွက်က ပေါင်သန်း ၂ဝဝ (ယူရို  ၂၂၂ သန်း) ဖြင့် ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ရာ ကမ္ဘာ့ စံချိန်တင်     ပြောင်းရွှေ့ကြေးအဖြစ်     မှတ်တမ်းဝင် ထားသည်။
မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment