Latest News

Thursday, February 22, 2018

ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ဘက်ခြမ်း အဆင့်မြှင့်တင်ဆောင်ရွက်

ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ဘက်ခြမ်း အဆင့်မြှင့်တင်ဆောင်ရွက်

ရန်ကုန်   ဖေဖော်ဝါရီ   ၂၁

ရန်ကုန်မြို့ပြ    ခရီးသွားပြည်သူများ သွားလာမှု   အဆင်ပြေစေရေးအတွက် ရန်ကုန်မြို့ပတ်ရထားလမ်းကို အပိုင်း  သုံးပိုင်း ခွဲခြား၍  ယနေ့စတင် ဆောင်       ရွက်နေပြီဖြစ်ကြောင်း      အောက် မြန်မာပြည်မီးရထားရုံးမှ   အထွေထွေ မန်နေဂျာ    ဦးထွန်းအောင်သင်းက ပြောသည်။

''ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့် တင်ခြင်း မီးရထားတွဲဆိုင်းတွေ အစားထိုး ဆောင်ရွက်နေသလို လမ်းပိုင်း အဆင့် မြှင့်တင်မှုကိုလည်း ယနေ့စတင် ဆောင် ရွက်နေပြီ ဖြစ်ပါတယ်၊ လမ်းပိုင်းအဆင့် မြှင့်တင်တဲ့နေရာမှာ   ရန်ကုန်မြို့ပတ် အနောက်ခြမ်းကို အပိုင်း သုံးပိုင်းခွဲခြား ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု    ဦးထွန်းအောင်သင်းက အောက်မြန်မာ ပြည်ရုံးချုပ်၌ ပြုလုပ်သော စာနယ်ဇင်း    ရှင်းလင်းပွဲအခမ်းအနားတွင် ပြောသည်။

ရန်ကုန်မြို့ပတ်ရထားအဆင့်မြှင့် တင်ခြင်း အပိုင်း  ၁ အဖြစ်  တညင်းကုန်း-အင်းစိန်  ၃ ဒသမ ၇၅ မိုင် ကို    ဖေဖော်ဝါရီ  ၂၁ ရက်မှ  မေ ၃၁ ရက်အထိ၊ အပိုင်း       ၂   အဖြစ်  အင်းစိန်-ကြည့်မြင်တိုင် ၅ ဒသမ ၅ မိုင်ကို  အောက်တိုဘာ ၁ ရက်မှ ၂ဝ၁၉  ခုနှစ်  ဇန်နဝါရီလကုန်အထိ၊     အပိုင်း  ၃  အဖြစ် ကြည့်မြင်တိုင်-ရန်ကုန် (ဘုရားလမ်း) ၂ ဒသမ ၇၅ မိုင်ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ   မတ်လကုန် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီကနေ့ကစပြီး    အင်းစိန်နဲ့ တညင်းကုန်းကြားထဲကို  ရထားလမ်း နှစ်လမ်းရှိတဲ့အနက်    အတွင်းဘက် လမ်းကို စတင်ပြုပြင်မှာ ဖြစ်တဲ့အတွက်   လမ်းတစ်လမ်းတည်းကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်၊  ဒီလို တစ်လမ်းတည်းကနေ ရထားတွေ   သွားမှာဖြစ်တဲ့အတွက် အလွန်အ္တရာယ်များပါတယ်၊ သို့သော် လည်း  ခရီးသွားပြည်သူတွေ သွားလာမှု  ထိခိုက်မှုမရှိစေဖို့ မြို့ပတ်ရထားတွေကို  ပုံမှန်အတိုင်း   အသွား ခုနစ်ခေါက်၊   အပြန်  ရှစ်ခေါက် ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်'' ဟု  မြန်မာ့မီးရထားမှ     အထွေထွေမန်နေဂျာ ဦးကျော်ကျော် ထွန်းက ပြောသည်။

အဆိုပါ လမ်းပိုင်း အဆင့်မြှင့်တင် ရေးလုပ်ငန်း ဆောင်ရွက်နေမှုကြောင့် ရန်ကုန်ဘူတာကြီးမှ     ကွန်ပျူတာ တက္ကသိုလ်သို့  ပြေးဆွဲနေသော  'ထ' ရထားကို   ယာယီအားဖြင့်  ရပ်ဆိုင်း       ထားကြောင်း၊ ယင်းရထားအစား YBS 78  ကို ရန်ကုန်ဘူတာကြီးမှ တညင်း     ကုန်းသို့  ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိ   ရန်ကုန် မြို့ပတ်ရထားစီး ခရီးသွားလာသူ နေ့စဉ် ၉ဝဝဝဝ ခန့် ရှိနေကြောင်း၊ တစ်နေ့  တွဲဆိုင်း၂၅ ဆိုင်းဖြင့်  ခေါက်ရေ ၂၂ဝ ပြေးဆွဲပေး လျက်ရှိကြောင်း၊  တညင်းကုန်း-ပုရွက် ဆိပ်ကုန်း -ပုဇွန်တောင်  ဘူတာလမ်း ပိုင်းမှာ ၁၅ ဒသမ  ၇၅ မိုင်ရှိကြောင်း၊ ရန်ကုန် မြို့ပတ်ရထားလမ်း  စုစုပေါင်း  ၂၉ ဒသမ ၅ မိုင်ရှိကြောင်း သိရသည်။
အဆိုပါ  မြို့ပတ်ရထားလမ်းပိုင်း များအဆင့်မြှင့်တင်ရာတွင်  ရထားလမ်းပိုင်းများကျောက်ဖြည့်ခြင်း၊   ဇလီဖာတုံး များနှင့် သံလမ်းများလဲခြင်း၊   ဘူတာ များပြုပြင်ခြင်း၊  ခြံစည်းရိုးကာရံခြင်း၊ မီးရထားပလက်ဖောင်းများ  အဆင့်          မြှင့်တင်ခြင်းစသော လုပ်ငန်းများ ပါဝင် ကြောင်း၊ ရထားလမ်းပိုင်း အဆင့်မြှင့် တင်ပြုပြင်ပြီးပါက လက်ရှိမြို့ တစ်ပတ် ခုတ်မောင်းချိန် ၂ နာရီ   မိနစ် ၅ဝ မှ             ၁ နာရီ   မိနစ် ၅ဝ ဖြင့်  ခုတ်မောင်းနိုင် မည်ဖြစ်ကြောင်း သိရသည်။
သတင်း-မြင့်မောင်စိုး ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment