မော်လမြိုင် ဖေဖော်ဝါရီ ၂၁
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၌ ပြည်တွင်း ပြည်ပ ဘုရားဖူးပြည်သူများ အဆင် ပြေစေရေးအတွက် Kyaiktiyo Great Green Co.,Ltd သည် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် နယ်မြေစိမ်းလန်းစိုပြည်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရဟန်းသံဃာများ၊ သက်ကြီး ရွယ်အိုများနှင့် ပြည်တွင်း ပြည်ပခရီးသွား ပြည်သူများ ပိုမို အဆင်ပြေလွယ်ကူစေ ရေးအတွက် ကျိုက်ထီးရိုးစေတီတော်၏ အခြားတစ်ဖက်လမ်းတွင် ကေဘယ်ကား ပြေးဆွဲရေးလုပ်ငန်း စီမံကိန်း အဆိုပြု ချက်ကို ဖေဖော်ဝါရီ ၂ဝ ရက်က ပြည်နယ်အစိုးရအ¸ရုံး၌ တင်ပြခဲ့ ကြောင်း သိရသည်။
ယခု ပြေးဆွဲမည့်လမ်းကြောင်း သည် ကျိုက်ထီးရိုးလမ်းခွဲမှ မဲယွန်းကြီး၊ ကဒိုင်ဒွတ်၊ မိုးဘောနယ်ရှင်၊ ကျောက် ဖျာ၊ခေါင်းဆေးကန်လမ်းဖြစ်ပြီးmain station မှ စေတီတော်အနီး မုဆိုး တောင် Return station ထိ ၂၃၉၆ မီတာအကွာအဝေးရှိပြီး ကျိုက်ထီးရိုး လမ်းခွဲမှ main station ထိ ၁၃ မိုင်ကားလမ်းကို လေးလမ်းသွားအဖြစ်တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ လမ်း၌ရှိ သည့် တံတား ၁၂ စင်းကို အသစ် ပြန်လည်ပြုပြင်သွားကာ ကေဘယ် ကားလမ်း အသစ်ဖောက်လုပ်လိုက် ခြင်းဖြင့် ပြည်တွင်း ပြည်ပ ဘုရားဖူး များအတွက် ပိုမိုအဆင်ပြေလာမည် ဖြစ်ပြီး ခရီးသွားလုပ်ငန်းလည်း ပိုမို တိုးတက်လာပြီး ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာ မည်ဖြစ်ကြောင်း ၊ ယခု ကေဘယ်ကား ပြေးဆွဲရေးလုပ်ငန်းတွင် တစ်စီးလျှင် ၁ဝ ဦး လိုက်ပါနိုင်သော ကေဘယ်ကား အစီး ၈ဝ ပါရှိမည်ဖြစ်ပြီးReturn Station မှ ဘုရားဆင်းထိ မီတာ ၄ဝဝ လျှောက်လမ်း ပါဝင်မည်ဖြစ် ကြောင်း၊main Station နေရာတွင် ကားပါကင် အခမဲ့ တည်းခိုဆောင် များနှင့် အဆင့်မြင့် အိမ်သာများ ပါဝင်မည် ဖြစ်ကြောင်း၊ စီမံကိန်း တစ်လုံးကို ၂ဝ၁၉ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း ကုမ္ပဏီမန်နေဂျင်း ဒါïိက်တာ ဦးစောရွှေအောင်က ပြောသည်။
တင်ထွဋ်(မော်လမြိုင်)မြန်မာ့အလင်း
No comments:
Post a Comment