Latest News

Thursday, February 22, 2018

လားရှိုးမြို့ရှိ ရိုးမဘဏ်နှင့် ဧရာဝတီဘဏ်အကြား ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ နှစ်ဦးသေဆုံး

လားရှိုးမြို့ရှိ ရိုးမဘဏ်နှင့် ဧရာဝတီဘဏ်အကြား
ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ နှစ်ဦးသေဆုံး

လားရှိုး    ဖေဖော်ဝါရီ   ၂၁

ရှမ်းပြည်နယ်  လားရှိုးမြို့  အမှတ်-၃ ရပ်ကွက်  လမ်းမတော်လမ်းနှင့်  ရွှေဘို လမ်းထောင့်ရှိ ရိုးမဘဏ်နှင့် ဧရာဝတီ ဘဏ်အကြား  ပလက်ဖောင်းမှ  ယနေ့ ညနေ ၄ နာရီ မိနစ် ၄ဝ ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားရာ အမျိုးသမီး နှစ်ဦးသေဆုံး ခဲ့ပြီး အမျိုးသား  ကိုးဦး၊ အမျိုးသမီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများထဲမှ အမျိုးသား လေးဦးမှာ လားရှိုးမြို့  ပြည်သူ့ဆေးရုံ တွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိပြီး   တစ်ဦးမှာ   စိုးရိမ်ရ ကြောင်း၊ အမျိုးသား လေးဦးနှင့် အမျိုး သမီး ၁၃ ဦးမှာ ပြင်ပလူနာအဖြစ် ဆေး ကုသမှုခံယူလျက်ရှိကြောင်း၊ သေဆုံး သွားသူနှစ်ဦးမှာ   ရိုးမဘဏ်ဝန်ထမ်း ဒေါ်စန္ဒာထွန်း(၄၆ နှစ်)နှင့် ဒေါ်မော်မော် (၄၃ နှစ်)တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ    ဗုံးပေါက်ကွဲမှုကြောင့်  ရိုးမဘဏ်အတွင်းပိုင်းတွင်    ပျက်စီးမှု များဖြစ်ပေါ်ခဲ့ပြီး   ကပ်လျက်ရှိသည့် ဧရာဝတီဘဏ်တွင်လည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊  ထို့အတူ မျက်နှာချင်း ဆိုင်ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရုံး အဆောက်အအုံမှ  မှန်များကွဲကြေ ခဲ့ကြောင်း၊ ထို့ပြင် လမ်းမတော် လမ်းမ ဘေး၌  ရပ်ထားသော  ကားမှန်များလည်း   ကွဲကြေပျက်စီးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့   ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ များ     စစ်ဆေးကြည့်ရှုလျက်ရှိကြောင်း နှင့် ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment