Latest News

Friday, February 9, 2018

ပိုင်ကျုံအမှတ်(၅)ရပ်ကွက်နှင့်ထန်းတပင်ကျေးရွာချင်းဆက် တံတားအသစ်တည်ဆောက်ရေးတွင်ဗုံးဟုယူဆရသည့် မသင်္ကာဖွယ်ပစ္စည်းတွေ့ရှိ

ပိုင်ကျုံအမှတ်(၅)ရပ်ကွက်နှင့်ထန်းတပင်ကျေးရွာချင်းဆက် တံတားအသစ်တည်ဆောက်ရေးတွင်ဗုံးဟုယူဆရသည့် မသင်္ကာဖွယ်ပစ္စည်းတွေ့ရှိ

ဘားအံ - ဖေဖော်ဝါရီ(၉)

 ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၊ပိုင်ကျုံအမှတ်(၅)ရပ်ကွက်နှင့်ထန်းတပင်ကျေးရွာချင်းဆက်တံတားအသစ်တည်ဆောက်ရေး ချင်းကပ်လမ်းမြေဖို့ရန်အတွက် အမှတ်(၅)ရပ်ကွက်ကုန်းကလေးဘုရားတောင်ခြေမှမြေများ သယ်ယူလာပြီး မြေဖို့စဉ် မြေတွင်ပါလာသည့် ဗုံးဟုယူဆရသည့် ပစ္စည်းတစ်ခုအားနံနက်(၉)နာရီ(၄၅)မိနစ်ခန့်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
 ထိုသို့တွေ့ရှိခဲ့သဖြင့် တံတားဦးစီးဌာန၊ တာဝန်ခံဦးရဲကျော်သူ၊ပိုင်ကျုံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးအုပ်ကြီး ဦးသန်းလင်း၊ပိုင်ကျုံနယ်မြေရဲစခန်းမှဒုရဲအုပ်ဝင်းမြင့်ပါ(၂)ဦး၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင် တို့သည် သွားရောက် စစ်ဆေးခဲ့ပြီး တွေ့ရှိရာနေရာအား ကနဦးအကာအရံများ ပြုလုပ်ပေးထားခဲ့သည်။ဆက်လက်ပြီး လှိုင်းဘွဲအခြချစစ်ဗျူဟာမှဗျူဟာမှူးဗိုလ်မှူးကြီးဇော်မင်းဦးနှင့်အဖွဲ့၊လှိုင်ဘွဲမြို့နယ်ရဲတပ်ဖွဲ့ရဲမှူးစန်းယုနှင့်အဖွဲ့တို့ကအခင်းဖြစ်ရာနေရာသို့ သွားရောက်စစ်ဆေးရာ ဗုံးဟုယူဆရသောပစ္စည်းမှာ ပေါက်ကွဲစေသည့်ဗုံမဟုတ်ဘဲ အခြား သတ္ထုပစ္စည်းတစ်ခုသာ ဖြစ်ကြောင်း သိရှိခဲ့ရကြောင်းသိရသည်။နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment