Latest News

Friday, February 23, 2018

ကုန်​ကားတစ်​စီးအရှိန်​မထိမ်းနိုင်​ဘဲ​နေအိမ်​တွင်းသို့ဝင်​​ရောက်​ကာအဖွားအို​ တစ်​ဦး​သေဆုံး

ကုန်​ကားတစ်​စီးအရှိန်​မထိမ်းနိုင်​ဘဲ​နေအိမ်​တွင်းသို့ဝင်​​ရောက်​ကာအဖွားအို​ တစ်​ဦး​သေဆုံး

ရန်ကုန်   ​ဖေ​ဖေါ်ဝါရီ   ၂၃

ရန်​ကုန်​တိုင်း​ဒေသကြီး၊​ကော့မှူးမြို့နယ်​၊အ​ဖျောက်​​ကျေးရွာအတွင်းရှိမိုင်​တိုင်​အမှတ်​၁၃/၃အနီးတွင်​​ဖေ​ဖေါ်ဝါရီ၂၂ရက်၊ည၇နာရီခန့်​အချိန်​က​ကုန်​ကားတစ်​စီးအရှိန်​မထိမ်းနိုင်​ဘဲ​နေအိမ်​တွင်းသို့ဝင်​​ရောက်​ကာအဖွားအို​တစ်​ဦး​ကိုတိုက်​မှုဖြစ်​ပွားပြီးသေဆုံးသွား​ကြောင်း​​ကော့မှူးမြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးမှသိရသည်​။

"ကား​တွေက​မောင်းရင်​၊ယာဉ်​ကြံခိုင်​မှုရှိမရှိစစ်​​ဆေးပြီးမှ​မောင်းသင့်​တယ်​ဗျာ"ဟု​ကော့မှူးမြို့နယ်​ရဲတပ်​ဖွဲ့မှူးရဲမှူးသန်း​ဌေးက​ပြောသည်​။
ဖြစ်​စဉ်​မှာကော့မှူးမှဒလဘက်​သို့ဦးတည်​၍​ယာဉ်​​မောင်းထွန်းထွန်းဝင်း (၃၈)နှစ်​၁၂/ခ၊မီးဒုန်းလမ်း ဂ ရပ်​ကွက်​၊မြို့သစ်​​ဈေး၊အင်းစိန်​မြို့နယ်​​နေသူ သည်​၊ယာဉ်​အမှတ်​6K------ Canterအမျိုးအစားအားမောင်းနှင်​လာစဉ်​အ​ဖျောက်​​ကျေးရွာအတွင်းရှိမိုင်​တိုင်​အမှတ်​၁၃/၃အနီးအ​ရောက်​တွင်​အရှိမ်​မထိန်းနိုင်​ဘဲလမ်း၏ယာဘက်​​ဘေးရှိဓာတ်​တိုင်​ကိုပွတ်​တိုက်​ ကာ​နေအိမ်​​ရှေ့ရပ်​​နေ​သော​ဒေါ်သန်ရွှေ(၈၅)နှစ်​​အားတိုက်​မိပြီး ကားမှာ​နေအိမ်​တွင်းသို့ဝင်​​ရောက်​ခဲ့​ကြောင်း​ဒေါ်သန်း​ရွှေမှာရင်​ပတ်​​အောင့်​၊ဝဲလက်​၊ဝဲ​ခြေစုတ်​ပြတ်​ပွန်းပဲ့ဒါဏ်​ရာများဖြင့်​ပရဟိတ အသင်းအကူညီဖြင့်​​ကော့မှူး​ဆေးရုံသို့ပို့​ဆောင်​​ပေးခဲ့​ကြောင်း​ဆေးကုသခံယူ​နေစဉ်​​ဒေါ်သန်း​ရွှေမှာ​သေဆုံးသွား​ကြောင်းရဲမှူး သန်း​ဌေး​ပြောပြချက်​အရသိရသည်​။အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ရဲဒုတပ်​ကြပ်​​အောင်​ကိုကိုထွန်း၊အမှတ်​(၅၃)ယာဉ်​ထိမ်းစုမှတရားလိုပြုလုပ်​ပြီးဒုရဲအုပ်​မိုးမိုးလွင်​မှအမှုစစ်​ပြုလျှက်​​ကော့မှူးမြို့မရဲစခန်းတွင်​ အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​ လျှက်​ရှိကြောင်းသိရသည်​။
ဓာတ်​ပုံ-ဓမ္မဝိဟာရ
မြတ်​ဟိန်း​ကျော်​(​ကော့မှူး)မြန်​မာ့အလင်း

No comments:

Post a Comment