Latest News

Sunday, February 18, 2018

ဖဲရိုက်လောင်းကစားဝိုင်း ဝင်ရောက်ဖမ်းဆီးရာမှ တရားမဝင် ကိုင်ဆောင် သည့် လုပ်သေနတ် သိမ်းဆည်းရမိ

ဖဲရိုက်လောင်းကစားဝိုင်း ဝင်ရောက်ဖမ်းဆီးရာမှ တရားမဝင်
ကိုင်ဆောင် သည့် လုပ်သေနတ် သိမ်းဆည်းရမိ

မိုးကောင်း ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုက်တော်ရပ်ကွက် ရုံးဟောင်း အုပ်စုတွင် ဖေဖော်ဝါရီ၁၇ရက် နံနက်၁၀နာရီခွဲက ဖဲရိုက်လောင်းကစား သည့်နေအိမ်အား ဝင်ရောက်ဖမ်းဆီးရာမှ တရားမဝင်ကိုင်ဆောင်သည့် လုပ်သေနတ် ၂လက်နှင့် ကျည်ဆံ ၄ တောင့် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့မရဲစခန်းမှ ရဲအုပ်သိန်းမြင့် ဦးစီးနယ်ထိန်း တပ်ဖွဲ့ဝင် များသည် နောင်ကိုက်တော်ရပ်ကွက် ရုံးဟောင်းအုပ်စုနေ ဒေါ်ဝါဝါဝင်း(၃၄)နှစ်၏ နေအိမ်၌ ဖဲရိုက်လောင်းကစားနေသည့်သတင်းအရ ဝင်ရောက်ဖမ်းဆီးရာမှ တစ်ရပ်ကွက်တည်းနေ ဖဲရိုက်လောင်းကစားသူ ဦးကျော်တင့်(ခ)ငဲငယ်၊အောင်ကိုမြင့်(ခ)ဖိုးထောင်၊အောင်ထွန်းလှတို့အား လောင်းကစားငွေ(၈၀၀၀၀)ကျပ်နှင့် ဖမ်းဆီးရမိပြီး အိမ်ခြံတစ်ဝင်းတည်းနေ လအောင်(၃၃)နှစ်၏ နေအိမ်မီးဖိုဆောင်အခန်းရှိ သေတ္တာအတွင်းသိုဝှက်၍ သိမ်းဆည်းထားသည့် အရှည်(၂ ပေ ၁၁ လက်မ)ရှိ တရားမဝင် ကိုင်ဆောင်သည့် လုပ်သေနတ် ၂ လက်နှင့် သံချေးတက်နေသည့် အမ် ၂၂ ကျည်ဆံ(၄)တောင့်၊သံကျည်အိမ် ၁ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖဲရိုက်လောင်းကစားသူ ဒေါ်ဝါဝါဝင်း၊ဦးကျော်တင့် (ခ)ငဲငယ်၊အောင်ကိုမြင့်(ခ)ဖိုးထောင်၊အောင်ထွန်းလှတို့ ၄ဦးနှင့်တရားမဝင် လက်နက်ကိုင်ဆောင်သူ လအောင်တို့ ၅ဦးအား မိုးကောင်းမြို့မ ရဲစခန်း တွင် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment