Latest News

Sunday, February 4, 2018

ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များ ဆီးနှင်းကျနေချိန် မထွက်ရန်အသိပေးရှင်းလင်း

ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များ
ဆီးနှင်းကျနေချိန် မထွက်ရန်အသိပေးရှင်းလင်း

ရန်ကုန်  ဖေဖော်ဝါရီ  ၎

ရန်ကုန်မြစ်အတွင်း      စက်တပ်သမ္ဗန် များစွာဖြင့်   ခရီးသွား   ပြည်သူများစွာ တို့အား နေ့စဉ်ပို့ဆောင်ပေးလျက်ရှိသော စက်တပ်သမ္ဗန်ဆိပ်  (သမ္ဗန်ဂိတ်များ) အားလုံး   ဆောင်းရာသီ  ဆီးနှင်းများ ထူထပ်စွာ   ကျဆင်းနေချိန်    မြင်ကွင်း ကောင်းမွန်မှုမရှိပါက    ရေယာဉ်များ မောင်းနှင်ထွက်ခွာခြင်း မပြုလုပ်ကြရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်တပ် သမ္ဗန်ကူးတို့ဆိပ်များအား   မြန်မာ့ ဆိပ်ကမ်း     အာဏာပိုင်မှ     အသိပေး အကြောင်းကြားထားကြောင်း သိရသည်။

ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ် ရာ   ရန်ကုန်မြစ်အတွင်း   ဆီးနှင်းများ ကျဆင်းနေချိန်  မြစ်အတွင်း၌ မြင်ကွင်း ရှင်းလင်းကောင်းမွန်မှု မရှိပါက ရေယာဉ် များ(အထူးသဖြင့် စက်ရှိ၊ စက်မဲ့၊ သမ္ဗန် များ) မောင်းနှင် ထွက်ခွာခြင်း မပြုကြပါ ရန်၊   ရာသီဥတုကောင်းမွန်ချိန်မှသာ ပုံမှန်မောင်းနှင်ထွက်ခွာမှု ပြုလုပ်ကြရန်၊ ရေကြောင်းပို့ဆောင်ရေး    òန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း များ၊  စည်းကမ်းဥပဒေများ၊  ပုဂ္ဂလိက ရေယာဉ်ကြီးကြပ်မှု  ကော်မတီများ၊ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေး မှူးတို့မှ  ထုတ်ပြန်ထားသော  စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ       လိုက်နာ ဆောင်ရွက်ကြရန်၊ အသက်ကယ်ဗော၊ အသက်ကယ် အင်္ကျီနှင့် အချက်ပြမီးတို့ကို စနစ်တကျထားရှိသုံးစွဲကြရန်   အသိပေး ထားကြောင်း သိရသည်။
ဒလမြို့နယ် အတွင်းရှိ သမဝါယမ ကူးတို့ဆိပ်များနှင့်    ပုဂ္ဂလိကပိုင်ကူးတို့ ဆိပ်များရှိ    ရေယာဉ်ဥက္ကဋ္ဌများအား ဖေဖော်ဝါရီ    ၄    ရက်    မွန်းလွဲပိုင်းက   ဗိုလ်ရန်ပြေရပ်ကွက်    ရေကန်ကူးတို့ဆိပ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ရုံးခန်း၌ လစဉ် ပုံမှန်အစည်းအဝေးပွဲတွင်   ရေကြောင်း သတိပေးချက်များအား ထပ်ဆင့်ရှင်းလင်း ခြင်းပြုလုပ်ခဲ့ရာ   ဒလမြို့နယ်  စက်တပ် ရေယာဉ်     ကြီးကြပ်ရေးအဖွဲ့   ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက  ဒလမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်များအားလုံး   ဆီးနှင်းများ ကျဆင်းနေချိန်အတွင်း   ရေယာဉ်များ ခရီးသည်တင်ဆောင်၍ ထွက်ခွာခွင့်မပြု ကြစေရေး၊ သတ်မှတ်ထားသော လူဦးရေ ထက်   မတင်ကြစေရေး၊  အသက်ကယ် အင်္ကျီများအား    သတ်မှတ်လူဦးရေနှင့် အညီထားရှိစေရေး၊       အချက်ပြမီး  တပ်ဆင်ထားရှိစေရေး၊    ခရီးသည်များ အနေဖြင့်  မိမိအသက်လုံခြုံမှုရှိစေရေး အတွက်      အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားကြစေလိုကြောင်း၊ ခရီးသွား မိဘပြည်သူများအား လမ်းခရီး အဆင်ပြေ ချောမွေ့စေရေး၊   ယဉ်ကျေးပျူငှာစွာ ဆက်ဆံပေးစေလိုကြောင်းနှင့် ရေယာဉ် မောင်းနေစဉ်        အရက်သေစာများ သောက်စားခြင်း မပြုလုပ်စေလိုကြောင်း  တက်ရောက်လာကြသည့် ရေယာဉ်ဥက္ကဋ္ဌ များအား   ထပ်ဆင့်ရှင်းလင်း  အသိပေး ပြောကြားခဲ့သည်။

ဒလမြို့နယ်အတွင်း၌  သမဝါယမ အသင်းပိုင် ကူးတို့ဆိပ်ငါးဆိပ်၌ စက်တပ် သမ္ဗန်ပေါင်း ၁၆၇ စင်းနှင့် ပုဂ္ဂလိကပိုင် ကူးတို့ဆိပ် ခြောက်ဆိပ်၌ စက်တပ်သမ္ဗန် ပေါင်း ၃၃၁ စင်း စုစုပေါင်း ၄၉၈ စင်းရှိပြီး ကူးတို့ဆိပ်ပေါင်း ၁၁ ဆိပ်တို့ရှိကြောင်း သိရသည်။          
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)မြန်​မာ့အလင်း

No comments:

Post a Comment