Latest News

Thursday, February 22, 2018

မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်တွင် တောဓလေ့အသွင် သင်္ကြန်ညဈေးပွဲတော် ထည့်သွင်းကျင်းပမည်

မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်တွင် တောဓလေ့အသွင်
သင်္ကြန်ညဈေးပွဲတော် ထည့်သွင်းကျင်းပမည်

မန္တလေး ဖေဖော်ဝါရီ ၂၁

ယခုနှစ် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်တွင် ကျုံးအရှေ့ဘက် ၆၆ လမ်းပေါ်၌ တောဓလေ့အသွင်သင်္ကြန်ညဈေးပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ထည့်
သွင်းကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

အဆိုပါ သင်္ကြန်ညဈေးပွဲတော်ကို သင်္ကြန်ကာလ
အတွင်း မန္တလေးမြို့သို့ လာရောက်ကြသည့် နိုင်ငံတကာ
ခရီးသွားဧည့်သည်များ အပန်းဖြေရင်း ပျော်ရွှင်ကြည်နူးမှုရရှိစေရန်နှင့် မြန်မာ့မှုဓလေ့များကို လေ့လာနိုင်စေရန် ရည်ရွယ်၍ ထည့်သွင်းကျင်းပခြင်းဖြစ်သည်။

''နိုင်ငံခြားသားတွေက နေ့ခင်းဘက်မှာ သင်္ကြန်လည်ရ
တာပျော်ကြပေမယ့် ညပိုင်းမှာ သူတို့အတွက် လည်ပတ်
စရာနေရာမရှိဘူး၊ ဒါကြောင့် သင်္ကြန်ညဈေးဆိုတာကို ဖန်တီးလိုက်တာပါ၊ ခရီးသွားလုပ်ငန်းတွေကလည်း နိုင်ငံခြားသားတွေ မန္တလေးမြို့ရဲ့ အလှအပနဲ့ တောဓလေ့
ရိုးရာလေးတွေကိုကြည့်ရှုခံစားနိုင်အောင် ဒီအစီအစဉ်
ကို အကြံပြုတောင်းဆိုလာပါတယ်၊ မန္တလေးမြို့သူ၊ မြို့
သားတွေ အနားယူအပန်းဖြေဖို့နဲ့ တခြားမြို့နယ်တွေက သင်္ကြန်ကို လာရောက်လည်ပတ်သူတွေအတွက်လည်း လည်ပတ်ရကျိုးနပ်အောင် ဆောင်ရွက်ပေးတာပါ'' ဟု ၎င်းက ပြောသည်။

ယခုနှစ် ကျင်းပမည့် သင်္ကြန်ညဈေးပွဲတော်တွင်
မြန်မာ့ရိုးရာအစားအစာရောင်းချသည့် ဆိုင်တန်း၊ ရုပ်
သေးဖြင့် ကပြဧည့်ခံမည့် အစီအစဉ်များ၊ ရုပ်ရှင်ပိတ်ကား ဖြင့် ယခင်မန္တလေးအငွေ့အသက်ပါသည့် ရုပ်ရှင်ကား
ဟောင်းများကို ပြသခြင်းတို့ပါဝင်မည်ဖြစ်ပြီး အလှပြကား
များနှင့် အလှပြမဏ္ဍပ်များဖြင့် ဖျော်ဖြေတင်ဆက်လိုပါ ကလည်း ကြိုဆိုအားပေးကြောင်း ¤င်းက ဆက်လက် ပြောကြားသည်။  မင်းထက်အောင် (မန်းကိုယ်ပွား)​ကြေးမှုံ

No comments:

Post a Comment