Latest News

Thursday, February 22, 2018

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လားရှိုးမြို့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရသူများအား ထောက်ပံ့ငွေ ပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လားရှိုးမြို့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရသူများအား ထောက်ပံ့ငွေ ပေးအပ်

တောင်ကြီး ဖေဖော်ဝါရီ ၂၂

လားရှိုးမြို့၊ ရပ်ကွက်(၂)၊ နယ်မြေ(၁၁)၊ လမ်းမတော်လမ်းရှိ ရိုးမဘဏ်ခွဲ (၁)နှင့် ဧရာဝတီဘဏ်ကြားတွင် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က မိုင်းဗုံးဟုယူဆရသော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည့် အတွက် အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် သေဆုံးသူ မ(၂)ဦး၊ ပြင်းထန်ဒဏ်ရာရ(စိုးရိမ်ရ)(၁)ဦး၊ ပြင်းထန်ဒဏ်ရာရ(မစိုးရိမ်ရ)(၅)ဦးနှင့် သာမန်ဒဏ်ရာရ (၁၅)ဦးတို့ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို  ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က  ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၅)သိန်း၊ ပြင်းထန်ဒဏ်ရာရ (စိုးရိမ်ရ)(၁)ဦးအတွက် ငွေကျပ်(၃) သိန်း၊ ပြင်းထန်ဒဏ်ရာရ(မစိုးရိမ်ရ)(၅)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၂)သိန်းနှုန်း၊ သာမန် ဒဏ်ရာရ(၁၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်း စုစုပေါင်း ငွေကျပ် (၃၀.၅)သိန်းနှင့် လားရှိုးခရိုင် ကယ်ဆယ်ရေးဦးစီးဌာနမှ သေဆုံးသူ(၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃)သိန်း၊ ဒဏ်ရာရရှိခဲ့သည့် (၂၁)ဦးအတွက် တစ်ဦးလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၆.၅)သိန်းနှင့် ပြည်နယ်ဒုတိယ၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများမှ သေဆုံးသူ (၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂)သိန်း၊ ပြင်းထန်ဒဏ်ရာ ရရှိသူ (၆)ဦးအတွက် ငွေကျပ်(၅)သောင်း၊ သာမန်ဒဏ်ရာရရှိသူ(၁၅)ဦး အတွက် တစ်ဦးလျှင် ကျပ်(၃)သောင်းနှုန်း၊ စုစုပေါင်း ငွေကျပ်(၁၁.၅)သိန်းတို့ကို လားရှိုးပြည်သူ့ဆေးရုံတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)ပြန်​ကြား​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment