Latest News

Thursday, February 15, 2018

တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိ

တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိ

ကာမိုင်း ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ကပ်မှော်ဇွတ် ကျေးရွာအုပ်စု နန့်တိန်းအခြေပြုစစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၄ နာရီခွဲက ခရီးသည်တင်ယာဉ်ဖြင့် တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကာမိုင်းမြို့ ကပ်မှော်ဇွတ်ကျေးရွာအုပ်စု နန့်တိန်းအခြေပြု စစ်ဆေးရေးဂိတ်တွင် နယ်မြေလုံခြုံရေးတပ်မှ လုံခြုံရေးဆောင်ရွက်နေစဉ် ဖားကန့်မှ  မန္တလေးသို့ မိုးကောင်းမြို့နယ် နမ္မတီးမြို့ သာယာ(၁) ရပ်ကွက်နေ မောင်ရှိန်(၃၆)နှစ် မောင်းနှင်လာသည့်  ခရီးသည်တင်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ   ယာဉ်၏ဝမ်းဗိုက်တွင်  အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ၂၇ တုံး (အလေးချိန် ၄၂၇ ကီလို)အား သိမ်းဆည်းရမိ၍   ကာမိုင်းနယ်မြေရဲစခန်းတွင်      အရေးယူထားကြောင်း   သိရသည်။                                        
ဝင်းနိုင် (ကချင်မြေ)​ကြေးမှုံ

No comments:

Post a Comment