Latest News

Thursday, February 15, 2018

ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှဒေါ်လာ သန်း ၇ဝဝ ရရှိရေး ရည်မှန်းဆောင်ရွက်

ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှဒေါ်လာ သန်း ၇ဝဝ ရရှိရေး
ရည်မှန်းဆောင်ရွက်

ဖျာပုံ   ဖေဖော်ဝါရီ   ၁၄

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ စိုက်ပျိုးရေး လုပ်ငန်းသည် ပထမဦးစားပေးလုပ်ငန်းဖြစ်ပြီး နိုင်ငံသား ဒုတိယအများဆုံး ပါဝင်ပတ်သက်သော လုပ်ငန်းမှာ ရေလုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေသယံဇာတ ပိုင်ဆိုင်မှု ၁၄ ခုနှင့် ကမ်းရိုးတန်းဒေသသည် ကမ္ဘာ့ အသန့်ရှင်းဆုံး ၁ဝ ခုတွင် ပါဝင်လျက်ရှိပြီး ငါးလုပ်ငန်း ဆိုင်ရာ သယံဇာတများ လွန်စွာပြေါ<ွကယ်ဝသည့် နိုင်ငံ လည်းဖြစ်သည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ဝ၂ ဒသမ ၆၃ သန်းရရှိခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆ဝ၅ ဒသမ ၈၂ သန်းရရှိခဲ့သည်။ ၂ဝ၁၇-၂ဝ၁၈  ဘဏ္ဍာနှစ်တွင်  အမေရိကန်ဒေါ်လာ သန်း ၆၅ဝ လျာထားပြီး အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ရရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် ယခင် က သဘာဝအလျောက် ဖမ်းဆီးရမိသည့် ရေချို၊ ရေငန် ငါးပုစွန်များ ဦးစားပေးတင်ပို့ခဲ့သော်လည်း ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင်       ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ  ကျယ်ပြန့်အောင်မြင်လာ ခြင်းနှင့်အတူ   နိုင်ငံတကာဈေးကွက်    လိုအပ်ချက်အရ မွေးမြူရေးငါး၊ ပုစွန်များကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချ ခဲ့ကြောင်း သိရသည်။

   တစ်နိုင်ငံလုံးတွင်  ၂ဝ၁၆ ခုနှစ်  အောက်တိုဘာလကုန် အထိ ငါးလုပ်ငန်းဦးစီးဌာန၏စာရင်းများအရ ငါး၊  ပုစွန် မွေးမြူရေးကန် ဧက ၄ ဒသမ ၈ သိန်းကျော်တွင် ငါး၊ ပုစွန်များ မွေးမြူလျက်ရှိကြပြီး ကမ္ဘာပေါ်တွင်  မြန်မာနိုင်ငံ သည်  ငါးမြစ်ချင်းငါး ဒုတိယအများဆုံးမွေးမြူသည့်  နိုင်ငံ ဖြစ်ပြီး   ငါးမြစ်ချင်းငါး  ပြည်ပသို့  တင်ပို့ရာတွင်လည်း အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ်  ရပ်တည်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်၏ အဓိကလိုအပ်ချက်ဖြစ်သည့်    နိုင်ငံခြား ငွေ   ရှာဖွေပေးရာတွင်   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တတိယအဆင့်တွင်  ရှိနေ ကြောင်း သိရသည်။
အောင်ဝင်း(ဖျာပုံ)​ကြေးမှုံ

No comments:

Post a Comment