Latest News

Thursday, February 22, 2018

ရန်ကုန်မြို့ပြအင်္ဂါနှင့်အညီ ရန်ကုန်မြစ်ကမ်းတစ်လျှောက်သာယာလှပရန်

ရန်ကုန်မြို့ပြအင်္ဂါနှင့်အညီ ရန်ကုန်မြစ်ကမ်းတစ်လျှောက်သာယာလှပရန်

မြန်မာပြည်    ၏  စီးပွားရေးအချက်အချာဖြစ်သော ရန်ကုန်မြို့ပြသည်  မြို့အဂ¯နှင့်အညီ  လှပခေတ်မီစေရန် စီမံဆောင်ရွက်လျက် ရှိပြီး ရန်ကုန်-ဒလမြစ်ကူးတံတားကြီး ပြီးစီးသွားပါက မြို့ပြအလှနှင့် တွဲဖက်၍ ရန်ကုန်မြစ်ပြင်၏အလှမှာ ပို၍ပေါ်လွင်လာစေ မည်ဖြစ်သည်။

 ရန်ကုန်မြစ်ဝမှ      လှိုင်သာယာရွှေပြည်သာတံတား ငွေပင်လယ်စက်မှုဇုန်မြစ်ဆုံအထိ   လှိုင်မြစ်ကမ်းတစ်လျှောက် မြစ်ကမ်းပါးများ ထိန်းသိမ်းခြင်း၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် စိစစ်ခြင်းနှင့် ပြုပြင်ရမည့်နေရာတို့ကိုပြုပြင်၍ ကမ်းပြိုကမ်းပျက် ဆက်လက်မဖြစ်ပေါ်စေရန် အချိန်မီထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်လာပြီဖြစ်သည်။        မြစ်ကမ်းဘေး     သင်္ဘောပျက်များ ထိုးဆိုက်ထားခြင်း၊   မြစ်ကူးတံတားအနီး    သင်္ဘောလွန်းတင် လုပ်ငန်းနှင့်သဲလုပ်ငန်း၊ ကျောက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ မြစ်ကူးတံတားကြီးများအနီးတွင်    စက်လှေ၊    သင်္ဘောများ ဆိုက်ကပ်လျက်      စီးပွားရေးလုပ်ငန်းအဆောက်အအုံများ  အခြေချလုပ်ကိုင်ခြင်းတို့သည်    မြစ်ကူးတံတားများ   ရေရှည် တည်တံ့မှုကို   ထိခိုက်စေသည့်အပြင်   ရန်ကုန်မြစ်၏အလှနှင့် သဘာဝပတ်ဝန်းကျင်ကို   ထိခိုက်စေလျက်ရှိသည်။    တစ်ချိန် တွင်    ရန်ကုန်မြို့ပြအလှနှင့်    လိုက်ဖက်ညီစွာဖြင့်    ရန်ကုန် မြစ်ကမ်းတစ်လျှောက် ပန်းဥယျာဉ်များနှင့် အပန်းဖြေနေရာများ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါက   ယနေ့တွေ့မြင်နေ ရသည့်မြစ်ကမ်းပေါ်မှ  အရာများသည် ထိုသို့အကောင်အထည် ဖော်မည့်လုပ်ငန်းအတွက် အခက်အခဲတစ်ခုအဖြစ်  ကြုံတွေ့ရ နိုင်ပါသည်။
လှိုင်မြစ်ရှိ  ရွှေပြည်သာတံတားအနီးတွင် သဲ၊ ကျောက် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာခြင်း၊ အောင်ဇေယျကြိုးတံတား အနီးတွင်   သင်္ဘောကျင်းလုပ်ငန်း၊   ကျောက်ပြားလုပ်ငန်းစက်ရုံတို့ ကြောင့်      မြစ်ကမ်းပါးများ     ပျောက်ကွယ်လာလျက်ရှိသည်။ သင်္ဘောများ   ဆိပ်ကမ်းမဟုတ်သောနေရာတွင်   ဆိုက်ကပ်ခြင်း၊ ပြုပြင်ခြင်းကြောင့်  မြစ်ကမ်းများ  ပြိုကျခြင်း၊  စေတီနှင့်  သစ်ပင် များ လှိုင်မြစ်အတွင်း ပြိုကျပျက်စီးခြင်းတို့ကြောင့် လှိုင်မြစ်ကမ်း ၏   အလှကို   ထိခိုက်စေလျက်ရှိသည်။   လှိုင်မြစ်ကမ်း   ထိခိုက် ပျက်စီးမှုသည်   အင်းစိန်ဘက်ကမ်းထက်  လှိုင်သာယာဘက် ကမ်းတွင် ပို၍များလျက်ရှိသည်။ လှိုင်သာယာဘက်ကမ်းတွင် ကုမ္ပဏီအချို့မှ  မြို့ပြအိမ်ရာ  တည်ဆောက်မှုအချို့  ဖော်ဆောင် လျက်ရှိ၍   ရန်ကုန်မြို့ပြ၏   အလှနှင့်   လိုက်ဖက်ညီသော   လှိုင် မြစ်ကမ်းကိုလည်း    ပြုပြင်ဖော်ဆောင်နိုင်ပါက    ရန်ကုန်မြို့ ခရီးသွားလုပ်ငန်းကို  ဆွဲဆောင်ရာနေရာအဖြစ်  နိုင်ငံခြားဝင်ငွေ ရရှိစေမည်ဖြစ်သည်။ လှိုင်မြစ်ကမ်းတစ်လျှောက်တွင် သီးနှံဈေး၊ ငါးဈေး၊   ငှက်ပျောသီးဒိုင်၊   ကမ်းနားဈေး၊   နိုင်ငံခြား၊  ပြည်တွင်း  ရေကြောင်းခရီးသွားများ  ဆိုက်ကပ်ရာ   ဆိပ်ကမ်း၊   နိုင်ငံခြား ကုန်တင်သင်္ဘောများ ဆိုက်ကပ်ရာဆိပ်ခံများ၊ ပန်းဆိုးတန်း ကူးတို့ဆိပ်နှင့်  သင်္ဘောကျင်းတို့ဖြင့်  ရန်ကုန်မြို့ပြတိုက်တာ အဆောက်အအုံတို့နှင့်အတူ     ရန်ကုန်မြစ်ပြင်မှာလှပလျက် ရှိသည်။

ရန်ကုန်မြစ်အတွင်း ဆိုက်ကပ်ထားသော စက်လှေ၊ သင်္ဘော များ၊ သဲ၊ ကျောက်နှင့် ဆီတင်၊ ကုန်တင်သင်္ဘောများ စည်းကမ်း ရှိစွာ  ရပ်နားခြင်းဖြင့်  ရေကြောင်းအတွင်း သွားလာကြသော ရေယာဉ်များ အ္တရာယ်ကင်းရှင်းစေမည်ဖြစ်သည်။ ပြီးခဲ့သော နှစ်ကုန်ပိုင်းတွင်  ဆီတင်သင်္ဘောကြီးတစ်စင်း   ရန်ကုန်မြစ် အတွင်းကွေ့ရာဘဲ ရေစစ်ချိန်ဖြစ်၍လိုရာသို့  သင်္ဘောဦးခေါင်း လိုက်ပါလာခြင်းမရှိပဲ ကမ်းရှိဗောကိုတိုက်မိကာ စက်လှေအချို့ ကိုလည်း တိုက်မိသောကြောင့် စက်လှေနစ်မြုပ်၍ စက်လှေမောင်း သူတို့ အသက်ဘေးလွတ်အောင်   ရေထဲဆင်းပြေးရသောဖြစ်စဉ် ကို   သိရှိခဲ့ကြပြီးဖြစ်ရာ   ရန်ကုန်မြစ်အတွင်း    ရေယာဉ်များ အ္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန်   အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်သည်။ ရန်ကုန်မြို့ပေါ် ကားလမ်း များ ယာဉ်ကြောကျပ်တည်းမှုဖြစ်ပွားပါက ရှင်းလင်းဆောင်ရွက် ရန် လွယ်ကူစေသော်လည်း မြစ်အတွင်းရေကြောင်းပိတ်ဆို့ပါက ရှင်းလင်းဆောင်ရွက်ရန်  အချိန်ပေးရခြင်း၊  နိုင်ငံခြားသင်္ဘော များ  ဝင်၊  ထွက်သွားလာခြင်းတို့ကြောင့်  ရေကြောင်းသွားလာမှု အ္တရာယ်ကင်းရှင်းရေးသည်  လှိုင်မြစ်အတွင်း  သာယာလှပရေး နှင့်  ရေကြောင်း အ္တရာယ်ကင်းရှင်းရေးအတွက် အရေးပါလျက် ရှိသည်။
မြစ်ကမ်းပါးတို့တွင် မေးတင်ထိုးထားသော ဆိပ်ခံဗောများ၊ ပျက်စီးနေသောသင်္ဘောများနှင့် သင်္ဘောကျင်းမဟုတ်သော သင်္ဘောကျင်းများကို ရှင်းလင်းဆောင်ရွက်နိုင်ပါက မြစ်ကြောင်း ၏ အလှကိုပေါ်လွင်စေသည့်အပြင် မြစ်ပြင်အတွင်း အရေးပေါ်လုပ်ငန်းများဆောင်ရွက်ရန်ရှိပါက ထိုသို့သော အရာများကြောင့် အတားအဆီးများကို  ရှင်းလင်းဆောင်ရွက်ပြီးဖြစ်၍  လုပ်ငန်း ဆောင်ရွက်မှု မြန်ဆန်စေမည်ဖြစ်သည်။ ဗိုလ်တထောင်ဆိပ်ကမ်း သည် ရန်ကုန်မြစ်ဝ၏ ဆည်းဆာအလှကို အနီးဆုံးတွေ့မြင်ရ သော နေရာဖြစ်သောကြောင့် ဆိပ်ကမ်းအဂ¯နှင့်အညီ ပြန်လည် ပြုပြင်နိုင်ပါက     လာရောက်အပန်းဖြေသူတို့ဖြင့်     ပြန်လည်  စည်ကားစေမည်ဖြစ်သည်။ နိုင်ငံခြားဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေမည့်   သာယာလှပသော   ဆိပ်ကမ်း များရှိနေသည့် ရန်ကုန်မြစ်ကမ်းတစ်လျှောက် အခြားနိုင်ငံတို့ရှိ မြို့ပြဆိပ်ကမ်းအလှတို့ကဲ့သို့ ဖော်ဆောင်နိုင်ပါက ရန်ကုန်မြစ်ပြင် နှင့်   ကမ်းနားတစ်လျှောက်   ပြည်တွင်း၊   ပြည်ပမှလာရောက် အပန်းဖြေသူတို့ဖြင့် နေ့စဉ်စည်ကားနေမည်ဖြစ်သည်။

မြို့ပြအလှနှင့်အညီ လိုက်ဖက်ညီလျက်ရှိသော လှိုင်မြစ်ပြင် ကို   ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊   မြစ်ကမ်းတစ်လျှောက်  ပြုပြင်ရှင်းလင်းဆောင်ရွက်ခြင်း၊     ကမ်းပြိုကမ်းလျှောခြင်းကို အချိန်မီကာကွယ်ထိန်းသိမ်းခြင်းနှင့် မြစ်ကမ်း၊ မြစ်ကူးတံတား အနီးရှိ   အဆောက်အအုံ၊    စီးပွားရေးလုပ်ငန်းများကို   စိစစ် ဆောင်ရွက်ခြင်းဖြင့်       ရန်ကုန်မြစ်ကမ်းအလှကို      ပြန်လည် ဖော်ဆောင်မည့် အနာဂတ်စီမံကိန်းများဖြင့် ပုံဖော်မည်ဆိုပါကလှိုင်မြစ်ကမ်းတစ်လျှောက် စည်းကမ်းတကျရှင်းလင်းပြီးဖြစ်၍ အသင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့ပြအလှကို ခေတ် စနစ်နှင့်အညီ   ဖော်ဆောင်လျက်ရှိရာ   မြန်မာပြည်၏ ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်သည့် ရန်ကုန်မြစ်နှင့်  မြစ်ကမ်းတစ်လျှောက်ကို ယနေ့မြင်ကွင်းထက်  လှပတင့်တယ်စွာ ပြုပြင်ဖော်ဆောင်ခြင်း ဖြင့် ရန်ကုန်မြို့ပြသည် ပြည်ပရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားရာ နေရာအဖြစ် ပို၍စည်ကားလာမည်ဖြစ်သည်။

လှိုင်မြစ်အတွင်း  စီးဝင်သော  ပန်းလှိုင်မြစ် သည်လည်း လှိုင်သာယာစက်မှုဇုန်နှင့်  ရန်ကုန်မြို့ တစ်ဖက်ကမ်းတွင်   အိမ်ရာဖော်ဆောင်မည့် မြို့သစ်တို့အတွက်    သောက်သုံးရေနှင့်   စိုက်ပျိုး ရေရရှိရန်  အရေးပါသောမြစ်    တစ်ခုလည်းဖြစ် သည်။  ပန်းလှိုင်ဂေါက်ကွင်းအနီး  မြစ်ပိတ်တမံ မတည်ဆောက်မီ ပန်းလှိုင်မြစ်ကမ်းတစ်လျှောက် နှင့်   မြစ်ပြင်ကို   ထိခိုက်စေမည့်   လူနေတဲများ၊ ငါးစည်ဖောင်းလုပ်ငန်းများ၊ သဲ၊   ကျောက်လုပ်ငန်း များနှင့် ကားဝပ်ရှော့လုပ်ငန်းများ၊ မြစ်အတွင်း စီးဝင်နေသော   စက်ရုံများမှ   ဓာတုစွန့်ပစ်ရည် များကိုလည်း   အသိပေးတားမြစ်ရန်    လိုအပ် မည်ဖြစ်သည်။  အထူးသဖြင့်    ဆပ်ပြာလုပ်ငန်း၊ ဆိုးဆေးနှင့်  ငါး၊ ပုစွန် လုပ်ငန်းများဖြစ်သည်။ ပန်းလှိုင်မြစ်ရေကို   ရေချိုသိုလှောင်ထိန်းသိမ်း သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက်  စီမံကိန်း များ လျာထားပါက  မြစ်အတွင်း    ထိခိုက်စေမည့် အရာများကို     ကြိုတင်ဆောင်ရွက်ခြင်းသည်   လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ထိရောက် သော    အထောက်အကူတစ်ရပ်   ဖြစ်စေမည် ဖြစ်သည်။   ရန်ကုန်မြစ်၊ လှိုင်မြစ်သည် နိုင်ငံခြား ဝင်ငွေနှင့်  ပြည်တွင်းဝင်ငွေရရှိရန်   စောင့်မျှော် နေသကဲ့သို့ ပန်းလှိုင်မြစ်သည်လည်း ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်နှင့်     မြို့သစ်ဖော်ဆောင် မည့်   တွံတေး၊   ဒလမြို့တို့အတွက်      အထူးပင် အရေးပါလျက်   ရှိနေပါသည်။    ပန်းလှိုင်မြစ်ဝမှ  ရန်ကုန်မြို့ပြ၏    အလှနှင့်  ရွှေရောင်လွှမ်းနေသော      ရွှေတိဂုံစေတီတော်မြတ်ကို   ဖူးတွေ့နိုင်သောကြောင့်   အပန်းဖြေနေရာများ   တည်ဆောက်နိုင်ပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအတွက် ဝင်ငွေရရှိ စေမည့်အပြင်   အနီးရှိ   ကျေးရွာနေပြည်သူများ လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ  ရရှိ စေမည် ဖြစ်သည်။  ရန်ကုန်မြစ်ဖြစ်သော  လှိုင်မြစ် နှင့်  ပန်းလှိုင်မြစ်တို့သည်    ရန်ကုန်မြို့ပြအလှကို    ပို၍ပေါ်လွင်စေရန်     အထောက်အပံ့များစွာ  ရှိနေပြီဖြစ်သည်။

ဝမ်းသာဂုဏ်ယူစရာတစ်ခုမှာ  ခေတ်မီလှပသော   ရန်ကုန်မြို့ပြနှင့်    လိုက်ဖက် ညီသော ရန်ကုန်မြစ်၊ လှိုင်မြစ်ကို  အချိန်မီပြုပြင် ဖော်ဆောင်နိုင်သေးသောကြောင့်    ဖြစ်သည်။   မြစ်ကမ်းတစ်လျှောက်ရှိ        မြေနေရာများကို   အချိန်မီ   ဖော်ဆောင်ရန်သာ  လိုမည်ဖြစ်သည်။  ရန်ကုန်-ဒလ    မြစ်ကူးတံတားကြီး   ပြီးစီးပါက  ရန်ကုန်မြစ် (လှိုင်မြစ်)၏  အလှကို ပေါ်လွင်စွာ တွေ့မြင်ရလျက်  နိုင်ငံခြားသားများ  အထူးစိတ်ဝင် စားကာ    အာရှတွင်    မြန်မာ့ဆိပ်ကမ်းအလှသည်  ပန်းသတင်း  လေညင်းဆောင်သည့်ပမာ သင်းပျံ့ ကြိုင်စေရန်     မြစ်ကမ်းတစ်လျှောက်  ကစားကွင်း၊  အပန်းဖြေရာနေရာများဖြင့်      ဖွံ့ဖြိုးတိုးတက်မှု၏    အရှိန်ကို   ဆက်လက်လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

သို့ဖြစ်၍ ရန်ကုန်မြို့နေပြည်သူများ  ရန်ကုန် မြို့တွင်းရှိ   အပန်းဖြေနေရာများတွင်  သွားရောက်    အပန်းဖြေကြသည့်နည်းတူ       သန့်ရှင်းလတ် ဆတ်သော  မြစ်ပြင်မှ  လေကိုရှူရှိုက်၍ ကိုယ်စိတ် နွမ်းနယ်မှုကို         ဖြေလျှော့စေမည့်         ရန်ကုန် မြစ်ကမ်းအပန်းဖြေရာ      နေရာတစ်ခုအဖြစ်  မျှော်လင့်နေကြသူများလည်း    ရှိမည်ဖြစ်သည်။ သန့်ရှင်းသပ်ရပ်လှပသော မြစ်ကမ်းတစ်လျှောက် ဖြစ်စေ၊  အပန်းဖြေရာနေရာများဖြစ်စေ၊  ရေပေါ် ဈေးများဖြစ်စေ    ပေါ်ထွန်းလာပါက   ပြည်တွင်း  ပြည်ပခရီးသွားများ   စိတ်ဝင်စားသော    မြန်မာ ပြည်၏    စီးပွားရေး    အချက်အချာဖြစ်သည့် ပင်လယ်ထွက်ပေါက်ရှိရာ         ရန်ကုန်မြို့ပြသည်   နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ    စိတ်ဝင် စားရာနေရာအဖြစ်  ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့ မည်ဖြစ်သည်။ သို့ဖြစ်၍  ရန်ကုန်မြိုပြအဂ¯နှင့် အညီ ရန်ကုန်မြစ်ကမ်းတစ်လျှောက်  သာယာလှပရန်  အချိန်မီပြုပြင် ဆောင်ရွက်နိုင်ခြင်းဖြင့်   ပြည်ပခရီး သွားများနှင့်   ပြည်သူများ စိတ်လက် အပန်းဖြေရာ နေရာများ  ပေါ်ထွန်းစေလိုပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။       ။
မောင်သင်းပျံ့(မြန်​မာ့အလင်း)

No comments:

Post a Comment