Latest News

Monday, February 19, 2018

ဗမာ အခက် တရုတ် အချက် အမေရိကန် ပက်လက်လော


လပေါင်းများစွာ ကြာအောင် အမေရိကန် နှင့် ၎င်း၏ မဟာမိတ်နိုင်ငံ များက မြန်မာ စစ်တပ်၏ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့မှု အပေါ် လျစ်လျုရှု့ခြင်း။ သိတ်အရေးမပါလှသလို သဘောထားသည့် ပုံစံမျိုး များ ပြုမူခဲ့ကြပါတယ်။

ယခုအခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇား ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေကြသော ဘင်္ဂါလီ ၆၈၀,၀၀၀ ခန့်သည် မိုးရာသီ ရောက်ရှိလာတော့မည် ဖြစ်သဖြင့် ဒုက္ခသုက္ခများ ကြုံတွေ့ရဖွယ် ရှိနေသည်ဟု ကုလသမဂ္ဂ က တစာစာ နှိုးဆော် လျက် ရှိနေပါတယ်။

သို့သော် အမေရိကန်တို့၏ သဘောထားက လူသားချင်း စာနာ ထောက်ထားမှုကို ထင်ဟပ်ခြင်း မရှိခဲ့ပဲ ၎င်းတို့၏ ဘူမိ နိုင်ငံရေး အကျိုးစီးပွားကိုသာ အာရုံထားလျက် ရှိနေဆဲ ဖြစ်ပါတယ်။ အဆိုပါ အကျိုးစီးပွားကတော့ အင်ဒို-ပစိဖိတ် ဒေသအတွင်း တရုတ်နိုင်ငံကို မည်သို့ အထီးကျန် အောင် ၀ိုင်းဝန်း ပိတ်ဆို့ ထားမလဲ ဆိုတာ ပဲ ဖြစ်ပါတယ်။

သို့သော် ယခုအခါမှာတော့ အမေရိကန် တို့က ၎င်းတို့၏ လက်သုံးတော် ဓါဒကြီး ဖြစ်တဲ့ “လူ့အခွင့်အရေး” ဆိုတာကြီးကို ဆွဲထုတ်လာပြီး မြန်မာ အစိုးရနှင့် စစ်တပ်အား တရုတ် နှင့် ဝေးဝေးနေရန် ခြောက်လှန့်လာခဲ့ပြီ ဖြစ်ပါတယ်။

လွန်ခဲ့သော အပါတ်က ကုလ ဆိုင်ရာ အမေရိကန် သံအမတ် နီကီ ဟာလေးက မြန်မာ စစ်တပ်သည် ရက်စက်ကြမ်းကြုတ်စွာ ဖြင့် ရိုဟင်ဂျာ ဆိုသူများအား ရက်စက်စွာ ပြုမူခဲ့သဖြင့် လုံခြုံရေး ကောင်စီ အနေဖြင့် အထူးသံတမန် ခန့်အပ်ပြီး အပြစ်ကျုးလွန်သူများ အား တရားဥပဒေအရ အရေးယူရန် တောင်းဆိုလာခဲ့ပါတယ်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူမ၏ နိုင်ငံ အတွင်း ထိုကဲ့သို့ လူမဆန်မှုများ ကျုးလွန်ခဲ့မှုအား ၀န်ခံရန် ဖိအားပေးရမည် ဖြစ်ကြောင်း စစ်တပ် နှင့် ဒေါ်အောင်ဆန်းစုကြည်အား အတတ်နိုင်ဆုံး ခွဲခြား ပြောဆိုလာပြန်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ရန် အချိန် သိတ်မကျန်တော့ကြောင်း နှင့် ထပ်မံ၍ အကြောင်းပြချက်များ မကြားချင်တော့ဟု လည်း ပြောဆိုခဲ့ပြန်ပါတယ်။

ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမေရိကန် ၏ အလိုအတိုင်း မလိုက်လျောပါက သူမကိုယ်တိုင် ၎င်းတို့၏ ပြစ်တင်ရှုတ်ချမှု ခံရတော့မည် ဟု ဆိုလိုလိုက်ခြင်း ဖြစ်ပါတယ်။

ယခင် ဖြစ်ကာစ က မြန်မာ စစ်တပ် နှင့် အစိုးရ အနေဖြင့် ဘီဂျင်းနှင့် ခပ်ဝေးဝေးနေသရွေ့ အဆိုပါ အဖြစ်အပျက်များကို မသိဟန်ဆောင် နေလာခဲ့ကြတာလည်း ဖြစ်ပါတယ်။ သို့သော် မြန်မာ က ၎င်းတို့ လိုလား သလို ဖြစ်မလာခဲ့ပဲ နိုင်ငံတကာ က ဝေဖန် ပြစ်တင်မှုများကြောင့် ဘီဂျင်း နဲ့ ပိုမို နီးစပ်စရာ တွေ ဖန်တီးပေးလာခဲ့ပါတယ်။

ဒေါ်နယ်ထရန် အစိုးရအနေနဲ့ မြန်မာ နှင့် တရုတ် အကြား ခေါင်းဆောင်များ အပြန်အလှန် ထိတွေ့ ဆက်ဆံမှုများ တိုးတခြင်းအပေါ် စိုးရိမ်မကင်း ဖြစ်လာနေတာကို နီကီ ဟာလေး ရဲ့ မိန့်ခွန်းမှာ ထင်ဟတ်နေတာ တွေ့ရပါတယ်။

မနှစ် ဧပြီလ တွင် သမ္မတ ဦးထင်ကျော်မှ ဘီဂျင်းသို့ ရောက်ရှိကာ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း။

ထိုလထဲမှာတင် ဒေါ် အောင်ဆန်းစုကြည်သည် တရုတ် ရင်းနှီး မြုပ်နှံမှု ဆိုင်ရာ အရာရှိများ နှင့် တွေ့ဆုံကာ အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံတန် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

မေလ အတွင်း ဒေါ်အောင်ဆန်းစုကြည်မှ ဘီဂျင်းသို့ သွားရောက်ခဲ့ပြီး One belt One Road နိုင်ငံတကာ ဖိုရမ် ကို တက်ရောက်ခဲ့ပြီး သမ္မတ စီရှင်ပင့် နှင့် ၀န်ကြီးချုပ် လီကာချန်တို့နှင့် တွေ့ဆုံခဲ့ကာ နားလည်မှု စာချွန်လွှာ ၅ ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဂျွန်လတွင် ဒေါ်အောင်ဆန်းစုကြည်မှ တရုတ် စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီး ဖန် ဖင်ရွှီး အား လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုဝင်ဘာလတွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဘီဂျင်းသို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ စီရှင်ပင့် နှင့် တွေ့ဆုံကာ မိမိတို့အား ကုလသမဂ္ဂ တွင် ထောက်ခံမှု ပေးခဲ့သည့်အတွက် ကျေးဇူးတင်မိကြောင်း ပြောဆိုခဲ့ပြီး စီ ရှင်ပင် က အဆိုပါ ပြဿနာ နှင့် လူမျိုးရေး ပဋိပက္ခ များ ဖြေရှင်းရေး အတွက် အကုအညီ ပေးမည့်အကြောင်း ကမ်းလှမ်းခဲ့ပါတယ်။

ကုလ သမဂ္ဂ တွင် နီကီ ဟာလေး ရဲ့ မိန့်ခွန်း ထွက်ပေါ်မလာမီကလေးတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် အထူးသံတမန် ဖြစ်သူ ယိုဟီ ဆာဆကာဝါက နယူးဒေလီမှာ ပြောကြားခဲ့ရာတွင် အိန္ဒိယ နှင့် ဂျပန်နိုင်ငံတို့အနေဖြင့် အထူးသတိထားပြီး မြန်မာနိုင်ငံ ကို အကူအညီပေးရမည် ဖြစ်ကြောင်း သို့မှသာ ဖြစ်ပေါ်နေသော အကြပ်အတည်းကို တရုတ်မှ အခွင့်အရေး ယူကာ မြန်မာနိုင်ငံ အပေါ် သြဇာလွှမ်းမိုးလာမည့် အရေးမှ ဟန့်တား နိုင်မည် ဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ထို့အပြင် မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ်ခတ်ရန် ထပ်မံ ကြိုးစားလာပါက မြန်မာ အစိုးရ အနေဖြင့် အခြား ရွေးချယ်စရာ မရှိတော့ပဲ ဘီဂျင်း ထံ ချည်းကပ်သွားအောင် တွန်းပို့သလို ဖြစ်လိမ့်မယ်လို့ သတိပေးခဲ့ပြန်ပါတယ်။

၎င်းက ထရန့် အစိုးရ အနေဖြင့် မြန်မာ ပြည်နှင့် ပါတ်သက်ပြီး မည်သို့ သဘောထားသည်ကို မသဲကွဲသေးသော်လည်း ဂျပန် အစိုးရ အနေဖြင့် မြန်မာ အား ထောက်ခံကြောင်းနှင့် အိန္ဒိယ အစိုးရ ကိုလည်း မိမိတို့လို ထောက်ခံစေလိုကြောင်း၊ အဘယ့်ကြောင့်ဆိုသော လက်ရှိ အမေရိကန် အစိုးရ၏ သဘောထားကြောင့် အိန္ဒိယ အနေဖြင့် ယခင်ကထက် မြန်မာအပေါ် ပိုမိုချည်းကပ်သင့်ကြောင်း။ မြန်မာ သည် အိန္ဒိယ သမုဒ္ဒရာ နှင့်ပါတ်သက်ပြီး အရေး ပါသည့် နိုင်ငံ ဖြစ်နေခြင်းကြောင့် မိမိတို့ နှစ်နိုင်ငံ အနေဖြင့် မြန်မာ အစိုးရ အတွက် တံခါး ဖွင့်ပေးထားရမည် ဖြစ်ကြောင်း၊ လည်း ထောက်ပြသွားခဲ့ပါတယ်။

အမေရိကန် ၏ ပြင်းထန်သော သဘောထားကြောင့် မြန်မာပြည်အတွင်း ၎င်းတို့၏ အကျိုးစီးပွား ထိခိုက်လာမှာကို ဂျပန်က စိုးရိမ်မကင်း ဖြစ်လာနေပါတယ်။

ဂျပန်အနေဖြင့် မြန်မာ ပြည်တွင်း အထူးစီးပွားရေးဇုံများ တည်ဆောက်ပြီး ဈေးပေါသော အလုပ်သမား အင်အား ထုနှင့်ထည်နှင့် ရှိနေမှု နှင့် သဘာဝ သယံဇာတ များကို အသုံးချနိုင်ရေး စီးပွားရေးအရ အကြီးအကျယ် ရင်းနှီးမြုပ်နှံရန် စီစဉ်ထားပြီး ဖြစ်ပါတယ်။

အိန္ဒိယ အနေဖြင့်လည်း မြန်မာ နှင့် ထိုင်း ကို ဖြတ်ပြီး အရှေ့တောင်အာရှ နှင့် ဆက်သွယ်နိုင်မည့် အဝေးပြေး လမ်းမကြီး တည်ဆောက်ရေး အပါအ၀င် “အရှေ့ နှင့် ထိတွေ့ဆက်ဆံရေ” မဟာဗျုဟာ ကို အကောင်အထည်ဖေါ်ပြီး စီးပွားရေး၊ သံတမန်ရေး နှင့် စစ်ရေး ဆက်ဆံမှုများ တိုးမြှင့်ပြုလုပ်သွားရန် အစီအစဉ်ချပြီး ဖြစ်နေပါတယ်။

ယခုအခါ မြန်မာ သည် အမေရိကန် နှင့် တရုတ်တို့ အကြား ကုန်သွယ်ရေး စစ်ပွဲကြီး ဖြစ်ပေါ်လာနိုင်သော ပွက်ပွက်ဆူလာနေသော ဘူမိ နိုင်ငံရေး ဒယ်အိုးကြီး အတွင်းသို့ ဆွဲသွင်းခံလာနေရပြီ ဖြစ်ပါတယ်။

ဤသို့ ပြောဆိုနေမှုများ ကို ကြည့်ခြင်းအား ဖြင့် တကယ်တမ်းတွင် ရိုဟင်ဂျာဆိုသူများရဲ့ အရေးသည် ၎င်းတို့၏ စိတ်ထဲတွင် ရေးရေးမျှ ပင် မရှိကြောင်း သိသာထင်ရှားလှပါတယ်။
လှစိုးဝေ

ကိုးကား၊ ၊ "The US signals tougher stance against Burma on Rohingya crisis" by John Roberts for World Socialist Web Site

No comments:

Post a Comment