Latest News

Tuesday, February 20, 2018

ရေချောင်းအတွင်း ပြုတ်ကျနေသည့် မော်တော်ယာဉ်ကို စစ်ဆေးရာမှ လက်နက်ခဲယမ်းများဖမ်းဆီးရမိ

ရေချောင်းအတွင်း ပြုတ်ကျနေသည့် မော်တော်ယာဉ်ကို စစ်ဆေးရာမှ လက်နက်ခဲယမ်းများဖမ်းဆီးရမိ


တာချီလိတ် ဖေဖော်ဝါရီ ၂ဝ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊ ပါကွေ့ရွာလမ်းဘေး ပုန်းထွန်ရေချောင်းအတွင်း ပြုတ်ကျနေသည့် မော်တော်ယာဉ်အား စစ်ဆေးရာမှ ထိုင်းနိုင်ငံမှ ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်များဝယ်လာသူကို ဖေဖော်ဝါရီ ၂ဝရက်နေ့ နံနက်က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊ ပါကွေ့ရွာလမ်းဘေး ပုန်းထွန်ရေချောင်းထဲတွင် မော်တော်ယာဉ် တစ်စီး ထိုးကျနေကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဇော်မျိုးသန့်နှင့်အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မီးခိုးရောင်၊ မော်တော်ယာဉ်မှာ ရေချောင်းအတွင်း ရေအနက် နှစ်ပေခန့်တွင် ပြုတ်ကျနေသည်ကိုတွေ့ရှိသဖြင့် မော်တော်ယာဉ်အား ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ သယ်ဆောင်လာစဉ် ယာဉ်ပိုင်ရှင် အားတီ(ခ)အိုက်တီ ဆိုသူမှ ယာဉ်ထိန်းရုံးသို့ ရောက်ရှိလာပြီး ¤င်းပိုင်ဆိုင်သည့် မော်တော်ယာဉ်ဖြစ်ကြောင်း ပြောပြဆို၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ဇော်မင်းသိန်းနှင့်အဖွဲ့၊ ခရိုင်မှုခင်းအကူမှ ရဲအုပ် သောင်းရွှေ၊ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲအုပ် အေးလွင်တို့အဖွဲ့သည် သက်သေများရှေ့ အားတီ(ခ)အိုက်တီအား မော်တော်ယာဉ် ပိုင်ဆိုင်ကြောင်း အထောက် အထားများနှင့် ပတ်သက်၍ စစ်ဆေးမြန်းရှာဖွေစဉ် အားတီ(ခ)အိုက်တီ လွယ်ထားသော သားရေအိတ်အတွင်းမှ ပွိုင့် ၃၈ အော်တိုပစ္စတိုသေနတ် တစ်လက်၊ ကျည် ၂၆ တောင့်၊ ကျည်အိမ်အပို နှစ်ခုတို့အား တစ်ဖက်ထိုင်းနိုင်ငံမှ ဝယ်ယူလာပြီး တရားမဝင် လက်ဝယ်ထားကိုင်ဆောင်ထားသည်ကို တွေ့ရှိသဖြင့် သက်သေများရှေ့ ဒုရဲမှူး ဇော်မင်းသိန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

 အမှုမှ တရားမဝင် လက်နက်၊ ခဲယမ်းများအး လက်ဝယ်ထားကိုင်ဆောင်အသုံးပြု အားတီ(ခ)အိုက်တီ(၃ဝနှစ်)၊ အာခါဈေး၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့နေ သူအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)မြန်​မာ့အလင်း

No comments:

Post a Comment