Latest News

Sunday, February 4, 2018

လမ်းဘေးချရပ်ထားသော ယာဉ်ကိုဝင်တိုက်မိရာ နှစ်ဦးသေ နှစ်ဦးဒဏ်ရာရ

လမ်းဘေးချရပ်ထားသော ယာဉ်ကိုဝင်တိုက်မိရာ နှစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ပဲခူး ဖေဖော်ဝါရီ ၃

ပဲခူးမြို့ ဥဿာမြို့သစ် (၈)ရပ်ကွက် ဧဒင်စားသောက်ဆိုင်အနီး၌ ယမန်နေ့ ည ၁၁ နာရီက လမ်းဘေးချရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးက နောက်မှဝင်တိုက် မိရာနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ ဥဿာမြို့သစ် (၈)ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၄၆/၂)နှင့် (၄၆/၃)အကြား ဧဒင်စားသောက်ဆိုင်အနီး၌ လုံးရှင်းကုမ္ပဏီ သွပ်ပြားစက်ရုံ ပဲခူးမြို့နေ ယာဉ်မောင်း နေအောင်၃ဝ နှစ် မောင်းနှင်လာသော YGN 6H/----TOYOTA BELTA  မီးခိုးရောင်ယာဉ်သည် လမ်းဘေးချရပ်ထားသော  YGN 6H/----TOYOTA DYNA အဖြူရောင်ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာ ယာဉ်ပေါ်ပါ နောင်နောင်လတ် ၃ဝ နှစ်၊ ကိုထွေး ၂၃ နှစ်၊ မျိုးဇော် ၄ဝ နှစ်တို့ကို တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် နေအောင်နှင့် နောင်နောင်လတ်တို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကိုထွေးနှင့် မျိုးဇော်တို့မှာ ရရှိသော ဒဏ်ရာကြောင့် ပဲခူးအထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း နေအောင်ကို အမှတ်(၃)ရဲစခန်းက (ပ)၁၂/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄-က/ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။(MWD)

No comments:

Post a Comment