ရန်ကုန် ဖေဖော်ဝါရီ ၃
ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးဟောင်း နေရာ၌ အထပ်မြင့် အဆောက်အအုံ တည်ဆောက်မည်ဖြစ်ပြီး ယင်းဝင်း အတွင်းရှိ ကုမ္ပဏီနှင့် ယာဉ်ရပ်နားစခန်း ဖယ်ရှားပေးရ မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဒုတိယဌာနမှူး ဦးနေဝင်း ထံမှ သိရသည်။ အဆိုပါအဆောက်အအုံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင် နီယာဌာန(အဆောက်အအုံ) မှ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်၍ ကုမ္ပဏီနှင့် ယာဉ်ရပ်နားစခန်းကိုပါ ပြောင်းရွှေ့ရန် ညွှန်ကြား ထားသည်။
အဆောက်အအုံ နေရာ၌ အထပ်မြင့် အဆောက်အအုံတည်ဆောက်ရန် အစီအစဉ် ရှိသော်လည်း အထပ်မည်မျှ တည်ဆောက် မည်ကို မသိရှိ သေးကြောင်း၊ ထို့ပြင် ယာဉ် ရပ်နားစခန်းနှင့် ယာဉ်ရောင်းဝယ်ရေးစခန်း ကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ကာ ဖယ်ရှားပေးရန် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီက ၂ဝ၁၇ ခုနှစ် သြဂုတ် ၁၇ ရက်တွင် ယာဉ်ရောင်းဝယ် သူများကို ဖယ်ရှားပေးရန် အကြောင်းကြား ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြောင်းကြား ထားသော်လည်း အဆောက်အအုံကို ဖယ်ရှားခြင်းမပြုသေး သဖြင့် ဆက်လက် နေထိုင်ပါက အန္တရာယ် ရှိကြောင်း၊ သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေး စခန်းရွှေ့ပြောင်းရန် စာထုတ်ခဲ့ရာ ယာဉ်ပိုင် ရှင်များက အဆိုပါဝင်းအတွင်း ပြန်လည် ချပေးရန်နှင့် ညဘက် မော်တော်ယာဉ်ထား ခွင့်ပြုရန် မျှော်လင့် ထားကြောင်း သိရသည်။(MWD)
No comments:
Post a Comment