Latest News

Sunday, February 4, 2018

မန်ချက်စတာယူနိုက်တက်အသင်း၏ နောက်ခံကစားသမားဟောင်း မီခေးဆီဗက်စတား သတင်းစာရှင်းလင်းပွဲကျင်းပ

မန်ချက်စတာယူနိုက်တက်အသင်း၏ နောက်ခံကစားသမားဟောင်း မီခေးဆီဗက်စတား သတင်းစာရှင်းလင်းပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၃

အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးအသင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက် အသင်း၏ နောက်ခံကစားသမားဟောင်း မီခေးဆီဗက်စတားသည် Manda Myanmar နှင့် Manchester United တို့ ပူးပေါင်းဆောင်ရွက်သည့် MUSS ဘောလုံးသင်တန်း ကျောင်းအစီအစဉ်အတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။ သတင်းစာရှင်းလင်းပွဲသို့ ဆီဗက်စတားနှင့် မန်ယူနည်းပြနှစ်ဦး၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများ၊ Manda Myanmar Foundation မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ''ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးရောက်ဖူးတာပါ။

ကျွန်တော်တို့ လာရောက်တဲ့ရည်ရွယ်ချက်က လူငယ်တွေကို ဘောလုံးပညာ သင်ကြားပေး ဖို့ဖြစ်ပါတယ်။ အဓိကက ကျွန်တော်နဲ့ နည်းပြအဖွဲ့က လူငယ်တွေကို ဘောလုံးစကေးပိုင်း ကျွမ်းကျင်စေဖို့ သင်ကြားပေးမှာပါ''ဟု မီခေး ဆီဗက်စတားကပြောသည်။ မီခေးဆီဗက်စတားသည် မန်ချက်စတာယူနိုက်တက် ဘောလုံးသင်တန်းကျောင်း (MUSS) 2018 အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် ရန်ကုန်မြို့၌လည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် တောင်ကြီးမြို့၌လည်းကောင်း သွားရောက်၍ လူငယ်ကစားသမားများကို ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

Manda Myanmar Foundation သည် မြန်မာနိုင်ငံ ဘောလုံး လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် မန်ချက်စတာယူနိုက်တက် ဘောလုံးသင်တန်းကျောင်း (MUSS) 2018 အစီအစဉ်ကို ငါးနှစ်စာချုပ်ဖြင့် တစ်နှစ်တစ်ကြိမ် ပြုလုပ်ပေးမည်ဖြစ်ပြီး ယခုအကြိမ်သည် ဒုတိယ အကြိမ်မြောက်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်း၏ ကစားသမားဟောင်း ရွန်းနီဂျွန်ဆင်နှင့် နည်းပြအဖွဲ့တို့ လာရောက်၍ရန်ကုန်မြို့နှင့် ပုသိမ်မြို့တို့၌ လူငယ်ကစားသမားများကို လေ့ကျင့်ပေး ခဲ့ကြောင်း သိရသည်။(MWD)

No comments:

Post a Comment