စစ်ကိုင်း ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းမွှေးကျေးရွာ၊ ရထားမိုင်တိုင်အမှတ် (၃၉၉/၂၃-၂၄)ကြား တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်နေ့ ညနေပိုင်းက ရထားသွားလာနေစဉ် ယာဉ်အား မဆင်မခြင်မောင်းနှင် သောကြောင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေရဲစခန်း(ရွာသစ်ကြီး)မှ သိရသည်။
ထိုသို့ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ရက်နေ့ ညနေ ၄နာရီ ၁၀မိနစ် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းမွှေးကျေးရွာ၊ရထားမိုင်တိုင်အမှတ်(၃၉၉/၂၃-၂၄)ကြားတွင် ရေနီမြို့နေသူ တယ်လီနောကုမ္ပဏီယာဉ်မောင်း အာကာမင်းပိုင်၊(သ)၁၈နှစ်၊ (ဘ)ဦးအောင်ကြည်သိန်း မန္တလေးဘက်မှ မြင်းမွှေးရွာသို့ မောင်းနှင်လာသည့် လိုက်ထရပ်အဖြူရောင် ယာဉ်အမှတ် 6H/2797 မှ သံလမ်းဖြတ်ကူးစဉ် မုံရွာဘက်မှ မန္တလေးဘက်သို့ စက်ခေါင်းမောင်း ဦးအောင်နိုင် ခုတ်မောင်းလာသည့် RBEလူစီးရထား၊ စက်ခေါင်းအမှတ် ၃၀၄၁ အား ဝင်ရောက်တိုက်မိသဖြင့် ယာဉ်မောင်းအာကာမင်းပိုင်တွင် ဦးခေါင်းနောက်ပေါက်ပြဲ၊ ယာမျက်လုံးပေါက်ပြဲဒဏ်ရာများ နှင့် ယာဉ်နောက်ခန်းတွင်ပါလာသည့် ရေနီမြို့နေသူ တယ်လီနောတာဝါတိုင်လုပ်သား ဖြိုးဝေကျော်၊ (သ)၁၈နှစ်၊ (ဘ)ဦးကျော်ကြားတွင် ယာနားထင်ဖူးရောင်နာကျင်၊ ဝမ်းဗိုက်နာကျင်၊ ယာခြေထောက်နာကျင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား စစ်ကိုင်းဆေးရုံသို့ ညနေ၅နာရီအချိန်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပါတ်သက်၍ ရထားသွားလာနေစဉ် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အာကာမင်းပိုင်အား စစ်ကိုင်းမြို့၊ ရွာထောင်မီးရထားရုံပိုင်ကြီး ဦးစိန်ဝင်းမှ နယ်မြေရဲစခန်း(ရွာသစ်ကြီး)တွင် အမှုဖွင့် တိုင်တန်းရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး(မကွေး)မြန်မာ့အလင်း
No comments:
Post a Comment