ချောက်မြို့ ဖေဖေါ်ဝါရီ ၎
ချောက်မြို့နယ်မှ ပဲစိမ်းကုန်စိုက်တောင်သူများ၊ပဲစိမ်းကုန်ဈေးကျ၍၊ စိုက်ပျိုး စရိတ်၊ထွန်ယက်စရိတ်၊ရိတ်သိမ်းအလုပ်သမားစရိတ်များကြောင့်၊ တွက်ခြေ မကိုက်ဘဲ၊အခက်ကြုံနေကြောင်း၊ ပဲစိမ်းစိုက်တောင်သူများထံမှ သိရသည်။
ယခုနှစ်တွင်၊ပဲစိမ်းကုန်ဈေးကျဆင်းသွားသဖြင့်၊ပဲစိမ်းကုန်ခုတ်ရန်အလုပ်သမားများရှားသွားခြင်း၊ထွက်မည့်ပဲကို၊တစ်ယောက်တစ်ဝက်ပေး ခုတ်သော် လည်းလုပ်မဲ့သူမရှိ၍၊အလုပ်သမားစရိတ်ကို၊အရှုံးခံ၍၊ငှားလုပ် ရ ကြောင်း၊ ဂွေးပင်အုပ်၊သန်းပင်၊ကမွန်ခြုံရွာပဲစိမ်း ကုန်စိုက် တောင်သူများထံမှသိရသည်။
ပဲစိမ်းကုန်ဈေးမှာ ဇန်နဝါရီလ ပထမအပတ်တွင် ပေါ်စမှာ တစ်တင်း ၈၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်ထိရှိလာပြီး ဖေဖေါ်ဝါရီလထဲမှာ ၁၃၀၀၀ ကျပ်ထိဈေးတက်လာပြီးအခု ၁၂၅၀၀ကျပ်ဈေးပြန်ကျသွားကြောင်း ချောက် မြို့နယ်ကိုးဆူ ကျေးရွာ တောင်သူဦးစံကျော်ဝင်းက ပြောသည်။ရေနံချောင်း၊ချောက်မြို့၊ကျောက်ပန်းတောင်းမြို့ ပွဲရုံများသွားရောင်းရင်၊ကားခ၊နေ့တွက်စရိတ်စကရှိနေခြင်းကြောင့်သိပ်တွက်ခြေမကိုက်ဘူးလို့ ပဲစိုက်တောင်သူတစ်ဦးကပြောသည်။
ယခင်နှစ်များကဆိုလျှင် ပဲစိမ်းကုန်ပေါ်လျှင် ကုန်သည်တွေရွာအရောက်လာဝယ်ကြတယ်၊ပဲစိမ်းကုန်လှောင်ကြတယ်၊ ပဲကုန်သည်တွေက ယခင်နှစ်ဈေးကြီးပေးဝယ်ထားကြတာ၊ဈေးတက်မလား
စောင့်နေကြတယ်၊ယခုနှစ်မှာတော့ ထင်သလောက်ဝယ်မရသေး
ဘူး၊တောင်သူကလဲ ဈေးတက်မယ်အထင်နဲ့မရောင်းကြသေးဘူး
လို့ဂွေးပင်ကွက်သစ် ပဲကုန်သည်တစ်ဦးကပြောပါတယ်။တောင်သူများအနေဖြင့် ပဲစိမ်းကုန်ဈေးကောင်းလာလိမ့်မည်ဟု မျှော်လင့်လျှက်ရှိကြောင်းသိရသည်။
ထွန်းလှိုင်(မြိုင်)မြန်မာ့အလင်း
No comments:
Post a Comment