Latest News

Sunday, February 4, 2018

မတ္တရာမြို့နယ်၌ တရားမဝင်သစ်များဖမ်းဆီးရမိ

မတ္တရာမြို့နယ်၌ တရားမဝင်သစ်များဖမ်းဆီးရမိ

မတ္တရာ ဖေဖော်ဝါရီ ၎

 မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဖေဖော်ဝါရီ ၂ရက်က မသင်္ကာဖွယ်ရာကားတစ်စီးအားစစ်ဆေးရာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

 ဖေဖော်ဝါရီလ၂ရက်နေ့ကတံငါတံတားတွင်မသင်္ကာကာတစ်စီးအားပိတ်ဆို့ရှာဖွေစစ်ဆေးရာယာဉ်ပေါ်တွင် ကျွန်းခွဲသားများတွေ့ရှိရပြီး တရားဝင် အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် ရေနံ့သာနယ်မြေ ရဲစခန်းနှင့်သစ်တောဦးစီးဌာနဘိနယ်စခန်းသို့အကြောင်းကြားခဲ့ရာတာဝန်ရှိသူများသည် သက်သေများရှေ့တွင် စစ်ဆေးရာ ကျွန်းသစ်ခွဲသားဆိုဒ်စုံ (၇၆)ချောင်း(၀.၅၈၆)တန်အားသယ်ဆောင်လာသူယာဉ်မောင်းဦးမိုးဇော်(၄၅)နှစ် ရွှေကျင်ကွက်သစ် ပုသိမ်ကြီးမြို့နယ်နေသူဖြစ်ကြောင်းသိရှိရသည်။

အဆိုပါတရားမဝင်သစ်များသယ်ဆောင်လာသူယာဉ်မောင်းအားသစ်တောဥပဒေပုဒ်မ ၄၃(က)အရအရေးယူပေးပါရန် တောအုပ်ညွန့်မင်းမှ ရေနံ့သာနယ်မြေရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းလာပါသဖြင့် ရေနံ့သာနယ်မြေရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။စိုးကျော်သူထွေး(မတ္တရာ)မြန်​မာ့အလင်း

No comments:

Post a Comment