Latest News

Sunday, February 4, 2018

ပြည်ပဈေးကွက်ဝင်မြန်မာ့ပင်လယ်ပြင်ကငါးစည်ဖောင်း

ပြည်ပဈေးကွက်ဝင်မြန်မာ့ပင်လယ်ပြင်ကငါးစည်ဖောင်း

ဖျာပုံ   ဖေဖော်ဝါရီ   ၎

မြန်မာ့ပင်လယ်ပြင်တွင်ငါးမျိုးများစွာရှိသည့်အနက်အချို့ငါးများ၏ဝမ်းဗိုက်အတွင်းမှထုတ်ယူရရှိသည့်ငါးစည်ဖောင်းများသည်တရုတ်၊ ထိုင်း၊ စင်ကာပူနှင့်ဂျပန်စသည့်နိုင်ငံတို့တွင်မြန်မာနိုင်ငံမှရောင်းလိုအားထက်ဝယ်လိုအားမြင့်မားနေသဖြင့်ဈေးကောင်းရရှိနေကြောင်းသိရသည်။

ဖျာပုံမြို့သည်စီးပွားရေးမြို့တော်ရန်ကုန်နှင့်နီးကပ်စွာတည်ရှီပြီးရေလမ်းနှင့်ကားလမ်းများလွယ်လင့်တကူအချိန်တိုအတွင်းသွားလာနိုင်သည့်အတွက်တနင်္သာရီနှင့်ရခိုင်ကမ်းရိုးတန်းတို့မှပင်လယ်ငါးဖမ်းရေယာဉ်များရေထွက်ကုန်ပစ္စည်းများဝင်ထွက်သွားလာရောင်းချလျက်ရှိသည့်မြို့တစ်မြို့ဖြစ်သည်။

ဖျာပုံမြို့ငါးစည်ဖောင်းဈေးကွက်အားဇန်နဝါရီပထမပတ်အတွင်းရောင်းဝယ်နေသည့်ဈေးများစုံစမ်းရာငါးစည်ဖောင်းရောင်းဝယ်သည့်လုပ်ငန်းကိုနှစ်များစွာလုပ်ကိုင်နေသည့်ကိုသောင်းထွန်းကရန်ကုန်ဈေးကွက်၏၂၀ရာခိုင်နှုန်းမှ၂၅ရာခိုင်နှုန်းလှျေ့ပြီးဝယ်ယူကြောင်းlငါးစည်ဖောင်းဈေးမှာအသေးအကြီးအလိုက်ဈေးကွာကြောင်း၊ လက်ရှိဝယ်ဈေးတွေကတာ့ငါးရွှေငါးစည်ဖောင်းတစ်ပိဿာငွေကျပ်သိန်း၁၁၀၀၀၀၀မှငွေကျပ်သိန်း၁၂၀၀၀၀၀၊ နတ်ကတော် ငါး   ငါးစည်ဖောင်း တစ်ပိဿာငွေကျပ်၆၀၀၀၀၀၊ ငါးရောင်ငါးစည်ဖောင်း အသေးအကြီးလိုက်တစ်ပိဿာငွေကျပ်၁၈၀၀၀မှငွေကျပ်သိန်း၂၂၀၀၀၀၊ ငါးပုတ်သင်ငါးစည်ဖောင်းတစ်ပိဿာငွေကျပ်သိန်း၁၇၀၀၀၀မှငွေကျပ် သိန်း၁၈၀၀၀၀ဝယ်လျက်ရှိကြောင်းနှင့်ယခင်နှစ်ကထက်ဈေးနှုန်းမြင့်နေသော်လည်းပစ္စည်းရှားလွန်းသဖြင့်ဈေးကွက်တွင်ရောင်းလိုအားထက်ဝယ်လိုအားမြင့်မားနေကြောင်းပြောသည်။

မြန်မာ့ပင်လယ်ပြင်တွင်ငါးသယံဇာတရှားပါးသွားခြင်းအပြင်ငါးစည်ဖောင်းထုတ်ယူရရှိနိုင်သည့်ငါးများအမိအရနည်းပါးသွားကြောင်းလည်းသိရသည်။

   မြန်မာ့ပင်လယ်ပြင်မှငါးများ၏ငါးစည်ဖောင်းများကိုနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သည့်မူဆယ်Iမြဝတီlမြိတ်lထားဝယ်နှင့်ကော့သောင်းလမ်းကြောင်းတို့မှတရုတ်၊ ထိုင်း၊ စင်ကာပူနှင့်ဂျပန်နိစသည့် နိုင်ငံများသို့ တင်ပို့ရောက်းချလျက်ရှိကြောင်းလေ့လာသိရှိရသည်။

ငါးစည်ဖောင်းရောင်းဝယ်မှုလုပ်ငန်းသည်မသိသူကျော်သွားသိသူဖော်စားဆိုသကဲ့သို့လုပ်ငန်းကျွမ်းကျင်မှုနှင့် ရင်းနှီးငွေတတ်နိုင်သူများအတွက် အကျိုးအမြတ်ကောင်းမွန်သည့်လုပ်ငန်းတစ်ရပ်အဖြစ်လေ့လာသိရှိရသည်။
                             အောင်ဝင်း-ဖျာပုံ(မြန်​မာ့အလင်း)

No comments:

Post a Comment