ဓနုဖြူ ဖေဖော်ဝါရီ ၂၅
ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ ဘိုးလေး ကုန်းဟုခေါ်ဆိုသည့်နေရာတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည (၁၀း၀၀) နာရီ အချိန်ခန့်တွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ကမ်းပါးပြိုကျရာတွင် ညောင်ပင်နှင့်အလုပ်သမားတန်းလျားတစ်ခု အလုပ်သမားတဲနှစ်လုံး 22ကောင်၊ အင်ဂျင်နှစ်လုံး၊ သံပိုက်လုံးအရှည်ရှစ်လုံး ဆီပေပါတစ်လုံး၊ RCသံချောင်းအချောင်းတစ်ရာခန့်  တစ်ပြိုင်တည်းပါသွားခဲ့ပြီး ရေအနက်ပေ ၁၀၀ ခန့်အောက်သို့ပါရှိသွားကြောင်းသိရသည်။ ကမ်းပါးမပြိုခင်အချိန်ခန့်တွင် မရမ်းချောင်းကျေးရွာသို့ ကမ်းထိန်းဘိုးပိုင်တူးရန် အလုပ်သမား (၂၅)ဦးနှင့် အတူရောက်ရှိနေသော ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ အမှတ်(၉၀) သစ်စက်ဝန်းနေသူကိုနေဇော်ဦး သည် တဲအနီးတွင်ဖုန်းထိုင်ပြောနေသည်ကို ကိုမျိုးမြင့်လွင်မှတွေ့ရှိကြောင်း မိမိသည်အလုပ်ပင်ပန်း၍ အိပ်ယာဝင်ခဲ့ကြောင်း မနက်အလုပ်လုပ်ရန် လူစစ်သောအခါ ကိုနေဇော်ဦးအား မတွေ့ရှိသဖြင့် အနီးအနား ပတ်ဝန်းကျင်တွင်လိုက်လံရှာဖွေသော်လည်း မတွေ့ရှိသောကြောင့် ရဲစခန်းသို့ကူညီစုံစမ်းရှာဖွေပေးပါရန်လာရောက်တိုင်တန်းခဲ့ရာ ဓနုဖြူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရန်နိုင်ထွန်းနှင့် နယ်ထိန်းအဖွဲ့မှ ပျောက်ဆုံးသူသွားလာတက်သောနေရာများ သို့ ပျောက်ဆုံးသူ ဓာတ်ပုံနှင့်တကွ ရှာဖွေစုံစမ်းမှုပြုလုပ်နေကြောင်း သိရသည်။
အောင်သူဟိဏ်း(ပြန်/ဆက်)
No comments:
Post a Comment