Latest News

Monday, February 26, 2018

အင်းတော်ကြီးရေလည်ဘုရားသို့ ဘုရားဖူးလာရောက်သည့် စက်လှေတစ်စီးတိမ်းမှောက်

အင်းတော်ကြီးရေလည်ဘုရားသို့ ဘုရားဖူးလာရောက်သည့် စက်လှေတစ်စီးတိမ်းမှောက်

၁၄၉ကြိမ်မြောက်အင်းတော်ကြီးရေလည်ဘုရားသို့ဘူရားဖူးလာရောက်သည့် စက်လှေတစ်စီး တိမ်းမှောက်သဖြင့်(၉)ဦးပျောက်​ဆုံးခဲ့ပြီး (၉)ဦးကို ဆယ်​ယူနိုင်​ခဲ့​ကြောင်းသိရသည် ။

ဖြစ်စဉ်မှာဖေဖော်ဝါရီ ၂၅ရက် ညနေ၅နာရီအချိန် ခန့်က အင်းတော်ကြီး ရေလည်ဘုရားသို့ဘုရားဖူးအဖွဲ့(၁၈)ဦးလိုက်ပါလာသောစက်လှေတစ်စီးသည် ဘုရားဖူးလည်ပတ်ပြီးနောက် စက်လှေဖြင့်လုံးစန့်ကျေးရွာသို့ ပြန်လာစဉ် ညောင်ပင်ကျေးရွာနှင့် နှီးဘုရားအကြား အင်းထဲတွင်လေပြင်း တိုက်ခတ်လှိုင်းများပုတ်​ခတ်​သဖြင့်စက်လှေတိမ်းမှောက်ခဲ့ရာစက်လှေ​ပေါ်ပါ(၁၈)ဦးအနက်(၉)ဦးအားဆယ်ယူရရှိခဲ့ပြီး ကျန်(၉)ဦးမှာပျောက်ဆုံး ခဲ့ကြောင်းသိရသည် ။

အခင်းဖြစ်ပွားရာသို့ မိုးညှင်းမြို့နယ်အုပ်ချုပ်ရးမှူး ဦးရဲအောင်နှင့်အဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးစိုင်းမျိုးကျော်ဦးနှင့်အဖွဲ့လုံးတုံနယ်မြေရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းအဖွဲ့ ပွဲတော်လုံခြုံရေးအဖွဲ့နှင့် လူမှုကူညီရေး အသင်းဖွဲများကစက်လှေ(၅)စီးဖြင့် ပျောက်ဆုံးနေသောကျား(၂)ဦး၊ မ(၇)ဦးတို့ကိုရှာဖွေလျက်ရှိပြီးကျား(၄)ဦးနှင့်မ(၅)ဦးပေါင်း(၉)ဦးတို့ကိုဆယ်ယူနိုင်ခဲ့ကြောင်း၊အဆိုပါစက်လှေပေါ်တွင်အဌမတန်းကျောင်းသား(၅)ဦးနှင့်ကျောင်းသူ (၁၀)ဦး စက်လှေမောင်း (၁)ဦး ဆရာမ(၁)ဦးနှင့်စက်လှေ ပိုင်ရှင်၏သမီး (၁)ဦးစုစုပေါင်း(၁၈)ဦးလိုက်ပါလာကြောင်း သိရသည် ။
(မြန်​မာ့အလင်း)

No comments:

Post a Comment