Latest News

Monday, February 26, 2018

စိုက်ပျိုးရေ လုံလောက်စွာမရရှိသဖြင့် ကြက်သွန်ဖြူ လျှော့ချစိုက်ပျိုးမည်

စိုက်ပျိုးရေ လုံလောက်စွာမရရှိသဖြင့် ကြက်သွန်ဖြူ လျှော့ချစိုက်ပျိုးမည်

ဟိုပုံး ဖေဖော်ဝါရီ  ၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့နယ်အချို့တွင် လက်ရှိ ကြက်သွန်ဖြူ  စိုက်ပျိုးရာသီအတွင်း စိုက်ပျိုးရေ လုံ လောက်စွာ    မရရှိသည့်အတွက်   စိုက်ပျိုးဧကများ လျှော့ချစိုက်ပျိုးမည်ဖြစ်ကြောင်း  ကြက်သွန်စိုက်ပျိုး တောင်သူများ ကွန်ရက်မှ သိရသည်။

''အရင်နှစ်တွေက တောင်ပေါ်ဒေသမှာပဲ စိုက်တာ များတယ်။ ဒီဘက်ဒေသမှာက တောင်ပေါ်ကကျလာတဲ့ စိမ့်စမ်းရေကိုပဲ အားကိုးစိုက်ရတယ်။ တောင်ပေါ်မှာ စိုက်တာက လယ်တောထဲ စိုက်တာထက် ကြက်သွန်ဖြူဥ အရည်အသွေး ပြည့်မီတယ်။ အထွက်ပိုတဲ့ အားသာ ချက်ရှိတယ်။ ဒါပေမယ့် သဘာဝစိမ့်စမ်းရေ ရရှိမှုက လည်း နည်းသထက် နည်းလာတော့ လယ်တောထဲ ရွှေ့ပြောင်းစိုက်လာတယ်။  စိုက်ရေရှားတာက ၂ဝ၁၇ နှစ်ဝက် လောက်ကစပြီးတော့ လျော့နည်းထွက်ရှိတာက နေ အခုနှစ်စိုက်ရာသီမှာ ရေအရင်းမြစ်တွေ ခန်းခြောက် နေတာ တွေ့ရသလို ရေထွက်နှုန်းကလည်း နည်းလာ နေတယ်။ စက်ရေတွင်းနဲ့ပဲ ရေတင်စိုက်မယ်ဆိုရင် ကုန်ကျ စရိတ်များလို့ စိုက်ဖို့မဖြစ်နိုင်ဘူး'' ဟု ဟိုပုံး မြို့နယ်မှ ကြက်သွန်ဖြူ စိုက်တောင်သူ ဦးစိုင်းဘိုနောင်က ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နှစ်စဉ် ကြက်သွန်ဖြူ စိုက်ဧက ၃ဝဝဝဝ နီးပါးခန့်ကို စိုက်ပျိုးကြပြီး  တောင် ကြီး၊  ပင်လောင်း၊ နောင်တရားနှင့်  ဟိုပုံးမြို့နယ်တို့တွင်  အဓိကစိုက်ပျိုးကြကာ ကျန်မြို့နယ်များတွင်လည်း အနည်းငယ် စိုက်ပျိုးကြကြောင်း၊  ကြက်သွန်ဖြူ စိုက်ပျိုး သည့် တောင်သူများသည် စိုက်ပျိုးရာတွင် အရင်းအနှီး များစွာကို ရင်းနှီးမြှုပ်နှံ အသုံးပြုရသော်လည်း ဈေးနှုန်း အာမခံချက်မရှိသည့် အခက်အခဲကို ကြုံတွေ့နေရသည်။
''ကြက်သွန်ဖြူကို တချို့တောင်သူတွေက  နိုဝင် ဘာကနေ စစိုက်သလို ဖေဖော်ဝါရီမှာ စိုက်တာလည်း ရှိတယ်။  သက်တမ်း လေးလအကြာ ဧပြီလဆန်းမှာ လှိုင် လှိုင်ထွက်ရှိတယ်၊  ကြက်သွန်ဖြူကို  ရာသီခြံအဖြစ် သီးသန့်စိုက်ပျိုးကြသလို စပါးရိတ်သိမ်းပြီး လယ်မြေ တွေမှာလည်း စိုက်ပျိုးကြပါတယ်၊ အခုနှစ် စိုက်ရာသီမှာ ရေရှားပါးတာ ကြုံတွေ့နေရတော့ အရင်နှစ်က ငါးဧက ကျော်စိုက်တာ အခုနှစ်တော့ သုံးဧက ဝန်းကျင်လောက် ပဲ စိုက်တော့မယ်၊ ကျွန်တော်တို့ တောင်သူတွေအတွက် တော့ ဈေးကွက်ခိုင်မာတာကိုပဲ လိုလားတယ်၊ စက်နဲ့ စိုက်ပျိုးရေးလုပ်နိုင်အောင်လည်း ချေးငွေလို ပံ့ပိုးမှုတွေ ရမယ်ဆိုရင်တော့ စိုက်ဧက ပုံမှန်ပြန်ဖြစ်လာမှာပါ ''ဟု ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာနေ တောင်သူ ဦးစိုင် မောင်လုံက ပြောသည်။
ရှမ်းပြည်နယ်မှထွက်ရှိသည့် ကြက်သွန်ဖြူများကို ရန်ကုန်ပွဲရုံများသို့ အဓိက တင်ပို့နေကြပြီး ရန်ကုန်ပွဲရုံ များအနေဖြင့် အရောင်းအဝယ်ဖြစ်သည့် ငွေကျပ် ၁ဝဝ တွင် ပွဲခအဖြစ် ၃ ကျပ်အထိ ယူနေကြသည့်အတွက် ယခုနောက်ပိုင်းတွင် ရန်ကုန်သို့ တင်ပို့မှုလျော့နည်း လာကြောင်း သိရသည်။           ဇာလင်းသူ(AMIA)
ဓာတ်ပုံ-ကေဇူး(AMIA)

No comments:

Post a Comment