Latest News

Monday, February 19, 2018

ရဲတပ်သားကဂစ်တာငှားရာငှားမရ၍ အိမ်ပေါ်တက်လက်သီးဖြင့်ထိုး

ရဲတပ်သားကဂစ်တာငှားရာငှားမရ၍ အိမ်ပေါ်တက်လက်သီးဖြင့်ထိုး

မိတ္ထီလာ  ဖေဖော်ဝါရီ   ၁၉

မိတ္ထီလာမြို့ ၊ဝန်ဇင်းရပ်ကွက် ၊နယ်မြေ (၁၄)အောင်သပြေလမ်းနေ ဘုကြီး(ခ)လွမ်းနောင်ဇင်၊ ၂၄ နှစ်သည် ဖေဖော်ဝါရီ ၁၂ ရက်ည က နေအိမ်ရှေ့ဂစ်တာတီးနေစဉ်တစ်ရပ်ကွက်ထဲနေ နေပြည်တော်ရဲတပ်ဖွဲ့မှ ရဲတပ်သား ငြိမ်းချမ်းမင်း ၊၂၄ နှစ်နှင့်သံဇကာစက်ရုံလုပ် သား ဝေယံလင်း (ခ)ဖိုးလုံး၊၂၃ နှစ်တို့ရောက်ရှိလာပြီး ဘုကြီး(ခ)လွမ်းနောင်ဇင်ထံမှ ဂစ်တာငှားရာ ဘုကြီး(ခ)လွမ်းနောင်ဇင်မှ မငှားနိုင်ကြောင်းပြောပြီး နေအိမ်ခန်းအတွင်းဝင်၍ ဂစ်တာအားသံသေတ္တာပေါ်သို့တင်နေ၍ ရဲတပ်သားငြိမ်းချမ်းမင်းနှင့်ဝေယံလင်း(ခ)ဖိုးလုံးတို့က ဂစ်တာမငှားသည့်ကိစ္စအား မကျေနပ်၍ ဆဲဆိုပြီး ဘုကြီး(ခ)လွမ်းနောင်ဇင်အား ဝေယံလင်း(ခ)ဖိုးလုံးမှ နောက် မှချုပ်ကိုင်ပေးခဲ့ပြီး ရဲတပ်သားငြိမ်းချမ်းမင်းမှ လက်သီးဖြင့်ထိုးရာ ဘုကြီး(ခ)လွမ်းနောင်ဇင်တွင် ဝဲဦးခေါင်းတွင် ဖူးရောင်ဒဏ်ရာရရှိ ခဲ့သည်။

ဤကဲ့သို့ ရဲတပ်သားငြိမ်းချမ်း ဝေယံလင်း(ခ)ဖိုးလုံးနှင့်ဘုကြီး (ခ)လွမ်းနောင်ဇင်တို့ ရန်ဖြစ်စကားများသံကြား၍ အိမ်အတွင်းမှ ယောက်ဖဖြစ်သူ သီဟဝင်ရောက်ဖြန်ဖြေရာ ရဲတပ်သား ငြိမ်းချမ်းမင်းမှ ''မင်းနဲ့မဆိုင်ဘူးဟုပြောပြီး''သီဟအားလက်သီးဖြင့်ထပ် မံထိုးခဲ့သည်ဆို၏။ထိုစဉ်ရဲတပ်သားငြိမ်းချမ်းမင်းတို့ရန်ဖြစ်ကြောင်း သတင်းကြားရသဖြင့် ရဲတပ်သား ငြိမ်းချမ်းမင်း၏ညီများဖြစ် ကြသော စည်သူဟိန်း၊ ၁၉ နှစ်၊ပေါင်ချိန် ၁၅ နှစ် တို့လိုက်လာကြပြီး စည်သူဟိန်းက အုတ်ခဲ့ဖြင့် သီဟ (၂၂နှစ်)အားထုရာ သီဟ မှာ ဝဲဘက်ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည်။ထိုစဉ်ပေါင်ချိန်မှ သီဟအားသံတုတ်ဖြင့်ရိုက် ရန်ရွယ်သဖြင့် သီဟ ဇနီးမနှင်းမိုးမိုးရွှေ က''နင်ဘာလုပ်တာလဲ''ဟုပြောရာ ရဲတပ်သားငြိမ်းချမ်းမင်းမှ မနှင်းမိုးမိုးရွှေ၏ ရင်ဘတ်အားဆုပ်ကိုင်၍ ရင်သားအားကိုင်ခဲ့သည် ဟု ဆိုသည်။

ထိုကဲ့သို့ မနှင်းမိုးမိုးရွှေ၏အိမ်တွင်ရန်ဖြစ်နေစဉ် ရဲတပ်သားငြိမ်းချမ်းမင်း၏ မိသားစုများဖြစ်ကြသော ဦးကျော်မြင့် (၄၂နှစ်)၊ဒေါ်မာ မာဦး (၄၅နှစ်)၊ ယားယား (၁၅ နှစ်)တို့ မနှင်းမိုးမိုးရွှေ၏ အိမ်ရှေ့ရောက်လာပြီး တုတ်၊ဓားများ ကိုင်ဆောင်၍ နေအိမ်အတွင်းဝင် ရောက်ကာ ညစ်ညမ်းစွာဆဲဆိုပြီး အစ်ကိုဖြစ်သူ ဘုကြီး(ခ)လွမ်းနောင်ဇင် နှင့်ယောက်ျားဖြစ်သူ သီဟတို့အား ညစ်ညမ်းစွာဆဲဆိုပြီး လက်သီးဖြင့်ထိုးခြင်း၊အုတ်ခဲဖြင့်ထုခြင်း၊ မနှင်မိုးမိုးရွှေ (၁၈နှစ်)အားကာအိနြေ္ဒပျက်အောင်ပြုလုပ်သူ ရဲတပ်သားငြိမ်းချမ်းမင်းပါ ခုနှစ်ဦးအား ဥပဒေအရအရေးယူပေးရန် မနှင်းမိုးမိုးရွှေက ဖေဖော်ဝါရီ ၁၄ ရက်က တရားလိုပြုလုပ်၍ မိတ္ထီလာမြို့၊ အမှတ်(၂)ရဲစခန်း တွင် အမှုဖွင့်တိုင်ကြားရာ ရဲတပ်သား ငြိမ်းချမ်းပါ ခုနှစ်ဦးအား ရဲစခန်း(ပ)၄၅/၂ဝ၁၈ ၊ ရာဇသတ်ကြီးပုဒ်မ -၂၉၄/ ၃၂၅/ ၃၅၄/ ၄၅၁/ ၁၁၄ ဖြင့်ပုဒ်မ ငါးခုဖြင့် အရေးယူထားသည်။
ဦးတင်လှိုင်မိတ္ထီလာ(မြန်​မာ့အလင်း)

No comments:

Post a Comment