Latest News

Sunday, February 18, 2018

ဂုတ်တွင်းလမ်း ယာဉ်ကြောပိတ်ဆို့မှုကင်းဝေးစေရန် လမ်းကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်

ဂုတ်တွင်းလမ်း  ယာဉ်ကြောပိတ်ဆို့မှုကင်းဝေးစေရန်
လမ်းကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်

သီပေါ   ဖေဖော်ဝါရီ  ၁၈

မန္တလေး-လားရှိုး-မူဆယ်   ပြည်ထောင်စုလမ်းမကြီး  ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲဘက်ခြမ်း မိုင်တိုင်(၈၈/ဝ)၊ မိုင်တိုင် (၉ဝ/ဝ)နှင့် နောင်ချိုဘက်ခြမ်းတွင် မိုင်တိုင် (၈၁/၇)၊ နောင်ချိုတိုးဂိတ် (၇၉/ဝ) တို့တွင် နိုင်လွန်ကတ္တရာခင်းခြင်း၊ လမ်းနှင့် မလွတ်ကင်းသောသစ်ပင်များ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သဖြင့် ဂုတ်တွင်း လမ်းပိုင်းကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၄ ရက်အထိ အချိန်ပိုင်းကန့်သတ်၍ ပိတ်ထား ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေး-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နေ့စဉ် ယာဉ်စီးရေ ၅ဝဝဝ မှ ၆ဝဝဝ ကျော်ခန့် ဖြတ်သန်းသွားလာလျက်ရှိရာ ယာဉ်ကြောပိတ်ဆို့မှုများတစ်ကြိမ်ဖြစ်ပွားပါက တစ်ရက်မှ သုံးရက်အထိ ဖြစ်ပွားတတ်ပြီး အဆိုပါယာဉ်ကြော ပိတ်ဆို့မှုများ ကင်းဝေးစေရန်  Oriental  High Way Co.,Ltd က မ္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးကိုလေးလမ်းသွား ကတ္တရာလမ်းတိုးချဲ့ ရာ၌     ကျောက်မဲဘက်ခြမ်းအပိုင်း ဂုတ်တွင်းကြိုးဝိုင်း  မိုင်တိုင် (၈၄/၇- ၈၇/၆)အတွင်း လမ်းဗဟိုမှ ပေ ၄ဝ အတွင်းရှိ သစ်ပင်များကို ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်သည်။          စိုင်းသာလှိုင်(မြန်​မာ့အလင်း)

No comments:

Post a Comment