Latest News

Sunday, February 18, 2018

ရွှေတိဂုံစေတီတော် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာ နုဂ္ဂဟ စာလျှောက်မေးပွဲ နှစ်(၁ဝဝ)ပြည့် ပူဇော်ပွဲကျင်းပ

ရွှေတိဂုံစေတီတော်   စေတိယင်္ဂဏ  ပရိယတ္တိဓမ္မာ  နုဂ္ဂဟ
စာလျှောက်မေးပွဲ နှစ်(၁ဝဝ)ပြည့်  ပူဇော်ပွဲကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ   ၁၈

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က  ကြီးမှူးကျင်းပသည့်  စေတိယင်္ဂဏ  ပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်ပူဇော်ပွဲနှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင်  ရွှေတိဂုံစေတီတော်ရင်ပြင်တော်  ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

ပြည်တွင်းပြည်ပ ဆရာတော်မျာြး<ွကရောက်
အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါ စရိယ၊ စေတိယ င်္ဂဏသြဝါဒါစရိယ ဘွဲ့ တံဆိပ် ကပ်လှူပူဇော်မည့် ဆရာတော်ကြီးများနှင့် စေတိယင်္ဂဏစာလျှောက် မေးပွဲ  နှစ် (၁ဝဝ)ကာလအတွင်း အောင်မြင်တော်မူခဲ့ကြ သည့်  ပြည်တွင်း  ပြည်ပမှ  ဆရာတော်၊  သံဃာတော်များ  ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး  သူရဦးအောင်ကို၊ တာဝန်ရှိသူများ၊  ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များ  တက်ရောက်ကြည်ညိုကြသည်။
ငါးပါးသီလခံယူဆောက်တည်
အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီးနှင့်  ပရိသတ်များက  အဂ္ဂမဟာဂ္ထဝါစက  ပဏ္ဍိတ၊  အဂ္ဂမဟာပဏ္ဍိတ  သိရီပဝရဓမ္မာစရိယ(သ.စ.အ)ပါဠိပါရဂူ၊  အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာ လာဘိဝံသထံမှ  ငါးပါး သီလခံယူ ဆောက်တည်ကြသည်။
ထို့နောက်  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ   လျှောက်ထား ပြီး စေတိယင်္ဂဏ ပဝရသိရီမဟာဓမ္မာဂုရုဘွဲ့တံဆိပ်တော် ကပ်လှူခံယူတော်မူမည့်  အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ပဓာနနာယကယော ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ ရန်ကုန်တိုင်းဒေသကြီး  ဗဟန်းမြို့နယ်  ပါဠိတက္ကသိုလ်၊  ညောင်တုန်း ကျောင်းတိုက် နာယက  လှရတနာဆရာတော်   ဘဒ္ဒန္တနာရဒါဘိဝံသနှင့်  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကလေးဝတောရ ကျောင်း စာသင်တိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ ကိုယ်စား    တပည့်  အရှင်ဝိလာသအား ဘွဲ့တံဆိပ်တော်များ  ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက်  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက စေတိယင်္ဂဏ နှစ် (၁ဝဝ)ပြည့်  အထိမ်းအမှတ်ပူဇော်ပွဲအတွက်  သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာနက လှူဒါန်းသော အလှူတော် ငွေ$ကျပ်သိန်း ၅ဝ ကို  ပေးအပ်လှူဒါန်းရာ ရွှေတိဂုံစေတီတော်   ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား ပူဇော်ပွဲကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ရွှေတိဂုံစေတီတော်  ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးတင်ဦးက လက်ခံယူသည်။

ထို့နောက်  အလင်္ကာဝတ်ရည် တေးဂီတအဖွဲ့က စေတိယင်္ဂဏ နှစ်(၁ဝဝ)ပြည့်    အထိမ်းအမှတ်   ရတုပိုဒ်စုံဖြင့် သီကျူးပူဇော်ကြပြီး  စေတိယင်္ဂဏ  ပရိယတ္တိဓမ္မာနုဂ္ဂဟ      စာလျှောက်စာမေးပွဲဆိုင်ရာ အမေး အဖြေများကို ဆရာတော်၊ သံဃာတော်များက ပြုလုပ်ကြသည်။
အနုမောဒနာတရားနာကြား
ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့် ပရိသတ်များက ဆရာတော် သံဃာ တော်များအား  လှူဖွယ်ပစ္စည်းများ   ဆက်ကပ်လှူဒါန်းကြပြီး    အဂ္ဂမဟာပဏ္ဍိတ၊  တိပိဋကဓရ  ဓမ္မဘဏ္ဍာဂါရိက (သ.စ.အ) ပါဠိပါရဂူ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ဘဒ္ဒန္တသီရိန္ဒာ ဘိဝံသ (ယောဆရာတော်)ထံမှ လှူဒါန်းမှု အစုစုတို့အတွက်   အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင်   ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊   ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့   သြဝါဒါ  စရိယဆရာတော်ကြီးများ၊  စေတိယင်္ဂဏသြဝါဒါစရိယ  ဆရာတော်ကြီးများ၊  ဘွဲ့ခံ  ဆရာတော်ကြီးများနှင့်  စေတိယင်္ဂဏစာလျှောက်မေးပွဲ  နှစ် (၁ဝဝ)ကာလအတွင်း အောင်မြင်တော်မူခဲ့ကြသည့်  ပြည်တွင်း  ပြည်ပမှ  ဆရာတော်သံဃာတော် စုစုပေါင်း ၂၉၄ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
သတင်း-ကိုကိုဇော်(မြန်​မာ့အလင်း)

No comments:

Post a Comment