Latest News

Wednesday, February 28, 2018

ယာကွက်များရောင်းရငွေအား ယောက္ခမထံတောင်းရာမှ စကားများပြီး ဝါးဆစ်တုတ်ဖြင့်ရိုက်၍ သေဆုံး

ယာကွက်များရောင်းရငွေအား ယောက္ခမထံတောင်းရာမှ စကားများပြီး ဝါးဆစ်တုတ်ဖြင့်ရိုက်၍ သေဆုံး

       မိတ္ထီလာ ဖေဖဝါရီ ၂၈

  မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မွေကျေးရွာတွင် ဖေဖဝါရီ ၂၈ရက် နံက် ၉နာရီခွဲ အချိန်ခန့်က ယာကွက်များရောင်းရငွေ တောင်းရာ စကားများပြီး ဝါးဆစ်တုတ်ဖြင့်ရိုက်နှက်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

  ဖြစ်စဉ်မှာ ဦးအောင်မြင့်(၅၉)နှစ်  မွေကျေးရွာ မိတ္ထီလာမြို့နယ် နေသူသည် နေအိမ်၌ရှိနေစဉ် ဇနီးဖြစ်သူ ဒေါ်ညွန့်ရီမှာ ကျေးရွာ အရှေ့မြောက် (၃)ဖာလုံခန့်အကွာ လယ်တောတွင် နေထိုင်သည့် သ္မီးဖြစ်သူ မသန်းသန်းဆင့်(ခ) မမိုးဆွေထံသို့ ထွက်သွားပြီးနောက် ဖေဖဝါရီ ၂၈ရက် နံက် ၁၀နာရီခွဲအချိန်ခန့်တွင် သမီးဖြစ်သူမှ ဇနီးဖြစ်သူ ဒေါ်ညွန့်ရီ အရိုက်ခံရကြောင်း အကြောင်းကြားသဖြင့် ဆေးရုံသို့ သွားရောက်ကြည့်ရှုရာ ဇနီးဖြစ်သူတွင် ယာနားထင်သွေးထွက်၊ ယာဂျိုစောင်းဖူးရောင်၊  ယာနားထင်အထက် ဖူးရောင်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် သမီးဖြစ်သူအားမေးမြန်းရာ ၎င်း၏ ခင်ပွန်းဖြစ်သူ ရဲသန်းထွန်းမှ ဒေါ်ညွန့်ရီထံ ယာကွက်များရောင်းထားသော ငွေအား တောင်းရာမှစကားများပြီး ရဲသန်းထွန်းမှ ဝါးဆစ်တုတ်ဖြင့်ရိုက် ခဲ့ကြောင်း ပြောပြသိရှိရသည်။ ဒေါ်ညွန့်ရီမှာ မိတ္ထီလာပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် ဖေဖဝါရီ ၂၈ရက် နေ့လည်  ၁၂နာရီ ၅၀မိနစ်ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

  ဖြစ်စဉ်နှင့်ပတ်သက်၍ ဝါးဆစ်တုတ်ဖြင့်ရိုက်ခဲ့သူ ရဲသန်းထွန်းအား အရေးယူပေးပါရန် ဦးအောင်မြင့်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မမစ(ထီလာ)(ပ) ၁၁၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
ထီလာ ကိုငယ်လေး(MMAL)

No comments:

Post a Comment