Latest News

Wednesday, February 28, 2018

ဖမ်းဆီးခံထားရသော ရိုက်တာသတင်းဌာန မှ သတင်းထောက်နှစ်ဦး ရုံးထုတ် သက်သေနှစ်ဦးစစ်ဆေးဆောင်ရွက်

ဖမ်းဆီးခံထားရသော ရိုက်တာသတင်းဌာန မှ သတင်းထောက်နှစ်ဦး ရုံးထုတ် သက်သေနှစ်ဦးစစ်ဆေးဆောင်ရွက်


ရန်ကုန်   ဖေဖေါ်ဝါရီ   ၂၈

မြန်မာနိုင်ငံအစိုးရလျို့ဝှက်ချက်များအက်ဥပဒေဖြင့်  ဖမ်းဆီးခံထားရသော  ရန်ကုန်အခြေစိုက်ရိုက်တာသတင်းဌာန  မှသတင်းထောက် သက်ဦးမောင် (ခေါ်)ဝလုံး  နှင့်  ကျော်စိုးဦး(ခေါ်)မိုးအောင် တို့ နှစ်ဦးကို  ယနေ့နံနက် (၁၀)နာရီက  ရန်ကုန်မြောက်ပိုင်းခရိုင်  တရားရုံး သို့ရုံးထုတ်ပြီး   အမှုနှင့်ပတ်သက်သော  တရားလိုပြသက်သေ  နှစ် ဦး   ထပ်မံစစ်ဆေးမှု ပြု လုပ်ခဲ့ကြောင်း  အဆိုပါတရားရုံးမှသိရသည်။
ယနေ့ရုံးထုတ်စစ်ဆေးဆောင်ရွက်မှု  နှင့်ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး  ဒုတိယ ခရိုင်တရားသူကြီး-၂သတင်းနှင့်ပြန်ကြားရေး အရာရှိ  ဦးအုန်းခိုင် က"ဒီကနေ့ မှာ  ၂၀၁၈ ခုနှစ်ရာဇဝတ်ကြီး  အမှုအမှတ်-၄  တရားလို  ဒုတိယရဲမှူးကြီး  ယုနိုင် နဲ့  တရားခံ  သက်ဦးမောင်(ခေါ်)ဝလုံး  ပါ-၂    မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ၃(၁)(ဂ)  အရ  စွဲဆို တင်ပို့တဲ့အမှု နဲ့ပတ်သက်ပြီး  တရားလိုပြသက်သေနှစ်ဦးကိုစစ်ဆေးပါတယ်   အဲဒီနှစ်ဦးအနက်  တစ်ဦးကရှာဖွေရာတွင်ပါဝင်တဲ့  ကုန်းတလပေါင်ကျေးရွာရာအိမ်မှူး ဦးကျော်ရှိန်  နောက်တစ်ဦးကဆောင်းရိပ်မွန်  စားသောက်ဆိုင်ပိုင်ရှင်
ဒေါ်ဌေးဌေးမြင့်  ပါ   အခင်းဖြစ်တဲ့နေ့  တွေ့မြင်သိရှိတာနဲ့ ပတ်သက်ပြီး ဖြေကြားသွားတာပါပဲရုံးချိန်းကို  မတ်လ(၇)ရက် ထပ်မံချိန်းဆိုထားပါ
တယ်  လိုပြသက်သေ နှစ် ဦးခေါ်နိုင် အောင်ဆောင်ရွက် ပေးဘို့ လဲ ဥပဒေအရာရှိကိုမှာကြားလိုက်တာရှိပါတယ်"ဟုပြောကြားသည်။
မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက် ချက်များအက် ဥပဒေ  အမှု နှင့်ပတ်သက်၍  ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး  ဒုတိယ ခရိုင်တရားသူကြီး-၆  ဦးရဲလွင်  က  အ မှုကိုစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ  ဦးခင်မောင်ဇော် နှင့်ဦးသန်းဇော်အောင်  တို့က  တရားစွဲဆိုခံထား
ရသူ တရာခံများဘက်မှ လိုက်ပါဆောင်ရွက်နေသူများဖြစ်ကြောင်းနှင့်
တရားစွဲဆိုတင်ပို့သည့်နေ့ရက်အပါအဝင်ရုံးချိန်းပေါင်း(၇)ချိန်း တွင် တင်သွင်းထားသောသက်သေ(၃၇)ဦးရှိသည့်အနက်(၈)ဦးထိစစ်
ဆေးမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းမြောက်ပိုင်း ခရိုင်တရား ရုံးမှထပ်မံ သိရှိရသည်။
သတင်းနှင့်ဓါတ်ပုံ
                                        မျိုးမင်းသိန်း(မရမ်းကုန်း)မြန်​မာ့အလင်း

No comments:

Post a Comment