ရန်ကုန် ဖေဖော်ဝါရီ ၇
ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဘွဲ့နှင်းသဘင် ပြုလုပ်မည့် အချိန်တွင် စီးပွားဖြစ် ဓာတ်ပုံရိုက်ကူးမှုကို ခွင့်မပြုထားသော်လည်း ကျန်အချိန်များတွင် လွတ်လပ်စွာ ရိုက်ကူးခွင့် ပြုထားကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းထံမှ သိရသည်။ ''ကျောင်းဝင်းထဲမှာ ကြိုက်တဲ့အချိန် ဓာတ်ပုံရိုက်လို့ရတယ်။ ဘွဲ့နှင်းသဘင် အချိန်သာ ရိုက်လို့မရတာပါ။ ကျန်တဲ့အချိန်မှာ ခွင့်ပြုပါတယ်။
ရုပ်ရှင်ရိုက်တာကအစ စာတင်ရတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတာရှိတယ်။ အဲဒါမျိုးကျတော့ ပညာရေး ဝန်ကြီးဌာနကို စာတင်ရတယ်။ အများအားဖြင့် ခွင့်ပြုတာများတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီ တာတွေကို ခွင့်မပြုပါဘူး'' ဟု ဒေါက်တာ ဖိုးကောင်းကပြောသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဘွဲ့နှင်းသဘင် ကာလအပါအဝင် ကျန်အချိန်များတွင် ပြင်ပပုဂ္ဂလိက အဖွဲ့အစည်းများ၏ ဓာတ်ပုံရိုက်ကူးခွင့်အား အကြောင်း အမျိုးမျိုးပြ၍ အခကြေးငွေ ကောက်ခံ နေခြင်းကို ခွင့်မပြုကြောင်း၊
မိသားစုများ ကင်မရာ ယူဆောင်လာပြီး အပျော်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းကို ခွင့်ပြုရမည်ဖြစ်ပြီး ဟန့်တားခြင်း၊ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် ရန်ကုန် တက္ကသိုလ်မှ ထုတ်ပြန်ထားသည်။ ရန်ကုန်တက္ကသိုလ်၌ ဘာသာရပ် ၂၂ ခု သင်ကြားပေး နေပြီး ဘွဲ့လွန်၊ ဘွဲ့ကြိုတန်းကျောင်းသား၊ ကျောင်းသူ ၅ဝဝဝ ကျော် တက်ရောက်လျက် ရှိကြောင်း သိရသည်။(MWD)
No comments:
Post a Comment