မက်ဒရစ် ဖေဖော်ဝါရီ ၇
ပြီးခဲ့သည့်အပြောင်းအရွှေ့များအတွင်း အက်သလက်တီကိုမှထွက်ခွာရန် သတင်းဖော်ပြခြင်း ခံခဲ့ရသည့် ဂရစ်ဇ်မန်းမှာ ယခုအခါ ပရိသတ်များနှင့် ဆက်ဆံရေး စတင်အေးစက်လာပြီဖြစ်သည်။
ဖေဖော်ဝါရီ ၅ ရက်က ဗလင်စီယာကို ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရသောပွဲတွင် ပြင်သစ်တိုက်စစ်မှူးမှာ ကွင်းအတွင်း လာရောက် အားပေးသည့် ပရိသတ်များ၏ လှောင်ပြောင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါပွဲချိန် ဒုတိယပိုင်းတွင် ဂရစ်ဇ်မန်း မှာ ဗလင်စီယာနောက်ခံကစားသမားတစ်ဦးနှင့် ယှဉ်ပြေးရင်း ဘောလုံးပျက်သွားပြီးနောက် အိမ်ကွင်းပရိ သတ်များဘက်သို့လှည့်ကာ ပါးစပ်ပိတ်ထားရန် အမူအရာဖြင့်ပြသခဲ့သည်။ ထို့ကြောင့် ယခုရာသီကုန်တွင် အက်သလက်တီကိုမှ ထွက်ခွာရန်လည်း ပိုမိုနီးစပ်လာခဲ့ပြီဖြစ်သည်။
အက်သလက်တီကို ပရိသတ်များမှာ ဘာစီလိုနာ၊ မန်ယူတို့နှင့်သတင်းများ ထွက်ပေါ်ချိန်တွင် ပြောင်းရွှေ့ချင်သည့် စကားသံများပြောခဲ့ခြင်း အ တွက် ဂရစ်ဇ်မန်းကို သစ္စာစောင့်သိမှုကင်းမဲ့သူအဖြစ် ပစ်မှတ်ထားနေကြခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇန်နဝါရီ အပြောင်းအရွှေ့တွင် ဂရစ်ဇ်မန်းမှာ ဘာစီလိုနာမှ တာဝန်ရှိသူများနှင့် တိတ်တဆိတ် တွေ့ဆုံခဲ့ပြီး ရာသီ ကုန်တွင် ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရခဲ့သည်။
ထို့ကြောင့် ဘာစီလိုနာ၌ ဘရာဇီးကွင်းလယ် ကစားသမား ကော်တင်ဟိုနှင့် ညှိနှိုင်းပြီး ဂရစ်ဇ်မန်းအတွက် ကျောနံပါတ် (၇)ကို ချန်လှပ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အသက်၂၆ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးမှာ ဘာစီလိုနာမြို့၌ နေထိုင်ရန်အတွက် နေအိမ်ရှာဖွေရန် ရင်း နှီးသူများကို အကူအညီတောင်းဆိုထားသည်ဟု သတင်းများ ထွက်လာခြင်းကြောင့် အက်သ လက်တီကို ပရိသတ်များက စိတ်ပျက်နေခြင်းဖြစ်သည်။
(MWD)
No comments:
Post a Comment