Latest News

Saturday, February 3, 2018

ကွန်တိန်နာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ စားအုန်းဆီကန် ဝင်းတံခါးအား တိုက်မိ

ကွန်တိန်နာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ စားအုန်းဆီကန် ဝင်းတံခါးအား တိုက်မိ

ရန်ကုန်    အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်  ဈေးကလေး ရပ်ကွက်  ကမ်းနားလမ်းရှိ ဒိုင်းမွန်း ဒရဂွန်ကုမ္ပဏီ(DD)ပိုင် စားအုန်းဆီ ကန်ဝင်းအတွင်းသို့ ဖေဖော်ဝါရီ ၁ ရက် ည ၁ဝ နာရီခန့်က  အလုံဘက်မှ ယာဉ်မောင်း ကိုပေါဌေး(၃၃)နှစ် မောင်းနှင်လာသော ကွန်တိန်နာယာဉ် သည် လမ်းလယ်တုံး လေတုံးခန့်အား အရှိန်မထိန်းနိုင်ဘဲ    တိုက်မိပြီး ကမ်းနားလမ်း    တစ်ဘက်ခြမ်းရှိ ကမ်းနားလမ်းမှ     အလုံဘက်သို့ လမ်းမှန်အတိုင်း မောင်းနှင်လာသော   Nissan ကွန်တိန်နာယာဉ်၏   နောက်ပိုင်းအား  ဝင်တိုက်မိကြောင်း၊ ထို့နောက်   စားအုန်းဆီကန်  တံခါး နှစ်ချပ်ကို  တိုက်မိပြီး  ကားခေါင်းမှာ ဝင်းအတွင်းသို့ ကျွံဝင်ခဲ့ကြောင်း သိရ သည်။

ယာဉ်တိုက်မှုကြောင့် လူတစ်ဦး တစ်ယောက်မျှ  ထိခိုက်မှုမရှိသော် လည်း အတိုက်ခံရသည့်  စားအုန်းဆီ ကန်ဝင်းတံခါး နှစ်ချပ်ပျက်စီးသွားပြီး ဝင်တိုက်သည့်    ကွန်တိန်နာယာဉ် ခေါင်းပိုင်းမှာ      ကြေမွပျက်စီး ခဲ့ကြောင်း သိရသည်။   ယာဉ်မောင်း အား ကြည့်မြင်တိုင်မြို့နယ်   မြို့မ ရဲစခန်းက  အရေးယူထားကြောင်း သိရသည်။            
ရွှေတိုင်လွင်(​ကြေးမှုံ)

No comments:

Post a Comment