Latest News

Saturday, February 3, 2018

ချင်းတွင်းမြစ်အထက်ပိုင်းတွင် မြစ်တွေးငှက်များ သားပေါက်ရာသီစတင်ပြီး အသိုက် ၁၁ သိုက်တွေ့

ချင်းတွင်းမြစ်အထက်ပိုင်းတွင် မြစ်တွေးငှက်များ သားပေါက်ရာသီစတင်ပြီး အသိုက် ၁၁ သိုက်တွေ့

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်လည်း ရှားပါးလာသည့်ျွငလနမွှနညေ (မြစ်တွေး)ငှက်မျိုးစိတ်များကို ချင်းတွင်းမြစ်အထက်ပိုင်းတွင် သစ်တောဦးစီးဌာန သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)နှင့် ဒေသခံများပူးပေါင်း၍ သားပေါက်ရာသီတွင် အသိုက်များ မပျက်စီးအောင် မှတ်တမ်းတင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် သုတေသနပြုလုပ်ချက်အရ ၄၁ သိုက်ကို တွေ့ရှိထိန်းသိမ်းစောင့်ရှောက်နိုင်      ခဲ့ပြီး သားပေါက်ရာသီအပြီးတွင် မျိုးပွားမှု ၄ဝ ရာခိုင်နှုန်းခန့် အောင်မြင်ခဲ့သည်။ ခန္တီးနှင့် ဟုမ္မလင်း ကြားဒေသသည် မိတ်လိုက်မျိုးပွားရာဒေသနှင့် သားပေါက်၊ အသိုက်ဆောက်ရာ အကောင်းဆုံး နေရင်းဒေသများလည်း ဖြစ်သည်။ ယခုနှစ်တွင် မြစ်တွေးငှက်များ သားပေါက်ရာသီ စတင်နေပြီး ဖေဖော်ဝါရီ ၂ ရက်အထိ အသိုက် ၁၁ သိုက်ကို

တွေ့ရှိ   ထိန်းသိမ်းစောင့်ရှောက်ထားကာ ထပ်မံ၍  စာရင်းကောက်ယူနေဆဲလည်းဖြစ် သည်။

မြန်မာနိုင်ငံတွင်   မြစ်တွေးငှက်မျိုးစိတ် များသည်   ၂ဝ၁၇   သုတေသနပြုလုပ်ချက်များ အရ ယင်းတို့   အဓိက  ကျက်စားသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် နှစ်ခုပေါင်း တွင် အနည်းဆုံး အကောင်ရေ ၁ဝဝ ကျော်သာ ကျန်ရှိတော့သည်။ျွငလနမွှနညေ   (ဒေသ အခေါ် စင်ရော်ငှက်)သည် ချင်းတွင်းမြစ်တွင်  အဓိက   ပျံ့နှံ့ကျက်စားပြီး    အထူးသဖြင့်   ခန္တီးနှင့်    ဟုမ္မလင်းကြားတွင် အကောင်ရေ အများဆုံး နေထိုင်ကျက်စားလျက်ရှိသည်။

အဆိုပါဒေသတွင်   ပူးပေါင်းအဖွဲ့သည်     ၂ဝ၁၇ ခုနှစ်မှစ၍    အသိုက်ဆောက်လုပ်သော ရာသီတွင်  အသိုက်များ မပျက်စီးအောင်၊  ဥများ မပျက်စီးအောင်၊  အကောင်ပေါက်များ  မသေအောင်၊ လူနှင့် တိရစ္ဆာန် အနှောင့် အယှက်ဘေး  မခံရအောင်နှင့်   အဓိက အကောင်အရေအတွက် တိုးပွားလာစေရန်   ပူးပေါင်းဆောင်ရွက်နေသည်။ ယခုနှစ်တွင် လည်း      မြစ်တွေးငှက်တို့၏   သားပေါက်ချိန် ရာသီ   ရောက်လာပြီဖြစ်၍  အရေးပါသော သဲသောင်ခုံများ၊  ကျွန်းများတွင်   သတိပေး တားမြစ်ချက်များ၊ မေတ္တာရပ်ခံချက်ဆိုင်းဘုတ် များကို စိုက်ထူထားပြီးဖြစ်သည်။ ဒေသခံများနှင့် ပူးပေါင်းစောင့်ကြပ်၍လည်း     ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်နေပါသည်။          
ညီတူး(​ကြေးမှုံ)

No comments:

Post a Comment