Latest News

Thursday, February 8, 2018

ရန်ကင်းကလေးဆေးရုံကြီးသို့ ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ဝ၅ဝဝ တန်ဖိုးရှိ လူနာတင်ယာဉ်တစ်စီး ပေးအပ်လှူဒါန်း

ရန်ကင်းကလေးဆေးရုံကြီးသို့ ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂ဝ၅ဝဝ တန်ဖိုးရှိ လူနာတင်ယာဉ်တစ်စီး ပေးအပ်လှူဒါန်း

ရန်ကုန်   ဖေဖော်ဝါရီ   ၈

မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ရန်ကင်း ကလေးဆေးရုံကြီးသို့ ကိုရီုးယားနိုင်ငံ ရှင်ဟန်းဘဏ်ဝန်ထမ်းများက ပေးပို့လှူဒါန်းသော အမေရိကန်ဒေါ်လာ ၂ဝ၅ဝဝ တန်ဖိုးရှိ လူနာတင် ယာဉ် Ambulance  of   Love  တစ်စီး ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရန်ကင်းကလေးဆေးရုံကြီး၌ ကျင်းပသည်။

ထို့နောက်  ကိုရီးယားနိုင်ငံ   ရှင်ဟန်းဘဏ်ဝန်ထမ်းများနှင့် ရန်ကင်းကလေးဆေးရုံတို့အကြား ပံ့ပိုးကူညီဆောင်ရွက်ပေးသော ကိုရီးယားနိုင်ငံ  အလုပ်သမားသမဂ္ဂ  လူမှုအဖွဲ့အစည်းဥက္ကဋ္ဌ  MR. HWANG,WONRAE  က လူနာတင်ယာဉ်တစ်စီး  လှူဒါန်းရခြင်းနှင့် ပတ်သက်၍  ပြောကြားပြီး    ရန်ကင်းကလေးဆေးရုံကြီးမှ   ပါမောက္ခ ဒေါက်တာခင်ညိုသိန်းက   မုဒိတာစကား   ပြန်လည်ပြောကြားသည်။ ကိုရီးယားနိုင်ငံ ရှင်ဟန်းဘဏ် ဒုတိယဥက္ကဋ္ဌ Ms. Chai Woo-mi က ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မြင့်မြင့်ခိုင်ထံသို့ လူနာတင်ယာဉ်နှင့်ပတ်သက်သည့်  စာရွက်စာတမ်းများကို လွှဲပြောင်း ပေးအပ်ပြီး   ကိုရီးယားနိုင်ငံ   ဆိပ်ကမ်းမှ   ရန်ကုန်ဆိပ်ကမ်းအထိ လူနာတင်ယာဉ်ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးခဲ့သော ကြယ်စင် အားမာန် ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးတောက်ထွန်း (MICKY) တို့အား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြောင်း သိရ သည်။                                            
စောသိန်းဝင်း(​ကြေးမှုံ)

No comments:

Post a Comment