Latest News

Thursday, February 8, 2018

တရုတ်(တိုင်ပေ)၌ ငလျင်လှုပ်ခတ်မှုကြောင့်သေဆုံးသူ ကိုးဦးထိ မြင့်တက်လာ

တရုတ်(တိုင်ပေ)၌ ငလျင်လှုပ်ခတ်မှုကြောင့်သေဆုံးသူ ကိုးဦးထိ မြင့်တက်လာ

တိုင်ပေ ဖေဖော်ဝါရီ ၈

တရုတ်(တိုင်ပေ)အရှေ့ပိုင်းတွင် ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နောက် ငလျင်ငယ်များနှင့် မိုးများ အဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်သားများအတွက် လုပ်ငန်းခွင်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ယမန်နေ့က လှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ မြေငလျင်ကြောင့် သေဆုံးသူ ကိုးဦးထိရှိခဲ့ပြီး အနည်းဆုံး လူပေါင်း ၂၆ဝ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံများအောက်တွင် ပိမိနေသူ အနည်းဆုံး ၅ဝ အား ကယ်တင်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်သားများက ဆိုသည်။

ငလျင်ဗဟိုချက်အနီးရှိ ဟွာလျန်မြို့တွင် ဟိုတယ်တစ်လုံးနှင့် အခြားသော အဆောက်အအုံ များ ပြိုကျပျက်စီးခဲ့သည်။  လူနေတိုက်ခန်းများနှင့် စားသောက်ဆိုင်များ ပါရှိသော ၁၂ ထပ် အဆောက်အအုံတစ်လုံးသည် ယိုင်လဲကျလျက်ရှိပြီး ¤င်းအတွင်းတွင် လူအများစု ပိတ်မိလျက် ရှိကြောင်း ကယ်ဆယ်ရေးလုပ်သားများက ဆိုသည်။ ကယ်ဆယ်ရေးလုပ်သားများက အဆိုပါ အဆောက်အအုံအား ပြိုကျမှုမရှိစေရန် ဒေါက်တိုင်များ ထောက်ကာ ပိတ်မိလျက်ရှိသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြေးမှုံ

No comments:

Post a Comment