Latest News

Thursday, February 15, 2018

အမ်းမြို့နယ်တွင် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ

အမ်းမြို့နယ်တွင် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ

အမ်း၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်အတွင်း ၂၀၁၈-ခုနှစ် အတွင်း ဆိုင်ကယ်ခိုးယူ မှု(၃)မှု ဖြစ်ပွားခဲ့ရာ အမ်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးထွန်းအေး၏ ကြီးကြပ်ကွပ်ကွဲမှု စခန်းမှူးများ၊ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်မှုကြောင့် ဖေဖော်ဝါရီ ၁၄ ရက် နေ့လည်(၁၂.၀၀)နာရီ အချိန်တွင် တရားခံ(၄)ဦးအား ဖမ်းဆီးရမိရာ အမှုမှ ဆိုင်ကယ်(၃)စီးအပြင် အခြားဆိုင်ကယ်ခိုးမှု (၅)မှုကိုပါ စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 အဆိုပါ ဆိုင်ကယ်ခိုးယူသူများမှာ အမ်းမြို့နယ် အမ်းမြောက်အုပ်စု အင်ကုန်းကျေးရွာနေ(ဘ) ဦးစိုးနိုင်သိန်း၏သား ပိုင်ဖုန်းနိုင် (ခ) ဂျင်းကောင် (၁၇) နှစ်၊ (ဘ) ဦးကျော်လွင်ဦး၏ သမီး မမျိုးမြတ်မြတ်လွင် (ခ) မျိုးမျိုး (၂၁) နှစ်၊ ရူးကျေးရွာအထက်ပိုင်း (ဘ) ဦးမောင်ဖြူ၏ သား ဆန်းဝင်း (၃၅) နှစ် နှင့် ရူး(ချင်းရွာ)နေ (ဘ) ဦးမောင်လှတင်၏သား ကျောက်သီး (ခ) နေဇော်လင်း (၂၂) နှစ် တရားခံ(၄)ဦးအား ဖမ်းဆီးကာ အမ်းမြို့မ ရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(အမ်း/ပန်ဆက်)

No comments:

Post a Comment