Latest News

Wednesday, February 21, 2018

ဆီတင်ယာဉ်နှင့် ကျောက်တင်ယာဉ် တိုက်မိ၊ သုံးဦးသေဆုံး

ဆီတင်ယာဉ်နှင့် ကျောက်တင်ယာဉ် တိုက်မိ၊ သုံးဦးသေဆုံး

အရာတော်  ဖေဖော်ဝါရီ  ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး      မုံရွာခရိုင် အရာတော်မြို့နယ်တွင်  မုံရွာမြို့ဘက်မှ အရာတော်ဘက်သို့  ဆီပီပါ အလုံး ၃ဝ တင်ဆောင်လာသော    ယာဉ်မောင်း  ဖိုးချမ်း   မောင်းနှင်သည့်  ယာဉ်အမှတ် SGG 8I/------ ယာဉ်နှင့် အရာတော် မြို့မှ မုံရွာဘက်သို့     လမ်းခင်းကျောက်များ တင်ဆောင်ပြီး     ယာဉ်မောင်း(အမည် စိစစ်ဆဲ)မောင်းနှင်သည့်  ယာဉ်အမှတ် YGN  2C/----     ၁ဝ ဘီးယာဉ်တို့ ဖေဖော်ဝါရီ ၁၉ ရက် ည ၁ဝ နာရီ ၄၅ မိနစ်ခန့်က    မုံရွာ-အရာတော်   လမ်းမ မိုင်တိုင်အမှတ် ၂၁/ဝ အနီးတွင် တိုက်မှု ဖြစ်ပွားကာ ကားနှစ်စီးလုံး  မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ယာဉ်မတော်တဆမှုကြောင့် ဆီတင် ယာဉ်ပေါ်လိုက်ပါလာသည့် ယာဉ်နောက် လိုက်     ဦးမြင့်ကျော်နှင့်    ခရီးသည် ဒေါ်ကြည်ခင်၊ ကျောက်တင်ယာဉ်မောင်း (အမည်စိစစ်ဆဲ) တို့သည်   မီးလောင် သေဆုံးခဲ့ပြီး     ခရီးသည်   ဒေါ်ဝိုင်းတင်  မိုင်းချောင်းကျေးရွာ     ဖောင်းပြင်မြို့၊  ရွာသာကျေးရွာနေ     မထက်ထက်အိ၊ မစန်းစန်းအေးတို့ သုံးဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။

မော်တော်ယာဉ်နှစ်စီးနှင့်   ဆီပီပါ အလုံး ၃ဝ ပျက်စီးဆုံးရှုံးခဲ့ပြီး   ယာဉ် မောင်း ဖိုးချမ်းနှင့် လမ်းခင်းကျောက်များ တင်ဆောင်သည့်  ယာဉ်မောင်းတို့အား အရာတော်မြို့မရဲစခန်းက အမှုဖွင့်ထား ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment