Latest News

Thursday, February 22, 2018

ယခုရက်ပိုင်းအတွင်း ရန်ကုန်ဆန်ဈေးနှုန်း အတက်ကြမ်း

ယခုရက်ပိုင်းအတွင်း ရန်ကုန်ဆန်ဈေးနှုန်း အတက်ကြမ်း

ရန်ကုန် ဖေဖော်ဝါရီ ၂၁

ဖေဖော်ဝါရီ  ၁၉  ရက်ရန်ကုန်ဆန်ဈေး ကွက်၌  တရုတ်နှစ်သစ်ကူးရက်မတိုင် မီကာလနှင့်   နှိုင်းယှဉ်ပါကဆန်ချောဈေး များ တစ်အိတ်လျှင် ငွေကျပ် ၃ဝဝဝမှ  ၅ဝဝဝ အတွင်း၊ ဆန်ကြမ်းတစ်အိတ် ငွေကျပ် ၅ဝဝ မှ ၁ဝဝဝ အတွင်းဈေးမြင့် တက်လာသည်ဟု  လမ်းမတော်မြို့နယ် အတွင်းမော်တင်ဈေးအနီးဆန်ရောင်းချနေသူ ဖျာပုံနယ်မှ ကိုအောင်ကပြောသည်။

ရွှေဘိုပေါ်ဆန်း   တစ်အိတ်လျှင် ငွေကျပ် ၅၄ဝဝဝမှ ၅၅ဝဝဝ အတွင်း၊              မြောင်းမြပေါ် ဆန်းတစ်အိတ်လျှင်ငွေကျပ် ၄၄ဝဝဝမှ၄၅ဝဝဝ၊ ဖျာပုံပေါ်ဆန်း ငွေကျပ်  ၄ဝဝဝဝ  မှ  ၄၂ဝဝဝ၊    ကျိုက်လတ်ပေါ်ဆန်း ငွေကျပ်  ၃၅ဝဝဝ မှ  ၃၆ဝဝဝ၊ ပေါ်ကျွဲတစ် အိတ်လျှင်  ငွေကျပ် ၂၆ဝဝဝ၊ ရေကျ နောက်စိုက် သီးထပ်ဆန်အသစ်တစ်အိတ် ငွေကျပ်၂ ၅၅ဝဝ၊  မိုးဆန်ကြမ်းအသစ်တစ် အိတ်လျှင် ငွေကျပ်၂၃၅ဝဝ  မှ ၂၄ဝဝဝ၊   ပြည်ပပို့ ဆန်ကွဲကြီး  တစ်အိတ်လျှင် ငွေကျပ် ၁၈၅ဝဝ မှ ၁၉ဝဝဝ၊ ၁  ဆလပ်  ဆန်ကွဲတစ်အိတ်လျှင် ငွေကျပ် ၁၈ဝဝဝ၊ ၁၊၂ဆန်ကွဲ တစ်အိတ်ငွေကျပ် ၁၇၅ဝဝ၊ ၂၊ ၃၊ ၄ ဆန်ကွဲတစ်အိတ်ငွေကျပ် ၁၇ဝဝဝ၊  ဖွဲနု အလေးချိန်တစ်ပေါင် ၈၇$ ကျပ်နှုန်း ရှိသည် ဟုဆန်ဈေးကွက်မှ သိရသည်။

စပါးအသစ်ထွက်ပေါ်ချိန်  ရွှေဘို ပေါ်ဆန်းစပါးတင်း ၁ဝဝ လျှင်$ ငွေကျပ် ၁၂ သိန်းဝန်းကျင်သာရှိသော်လည်း ယခု အခါ ၁၅ သိန်းဝန်းကျင်သို့  ဈေးမြင့်တက် လာပြီး ထပ်မံဈေးတက်လာရန်ရှိသည်။
မကြာမီကာလတွင်  ဆန်တစ်အိတ် လျှင်ဈေးငွေကျပ်  ၆ဝဝဝဝ  $နှုန်းရှိလာနိုင် မည်။  ရွှေဘိုပေါ်ဆန်းအသစ် မထွက်မီ အချိန်အဟောင်းဈေး တစ်အိတ်လျှင် ငွေကျပ်  ၆ဝဝဝဝ $နှုန်း ဖြစ်ခဲ့သေးသည်။  ယခုစပါးသစ်ထွက်ပေါ်ပြီး တစ်လဝန်း ကျင်အတွင်းမှာပင် ဈေးမြင့်တက်လာရာ စပါးသစ်  ဝယ်ယူလက်ဝယ်ရှိသူများ          အနေဖြင့်တက်ဈေးမျှော်ကြိတ်ခွဲခြင်း မရှိ သေးဘဲ ဆက်လက်သိုလှောင်ထားကြ သည်။  ဈေးကွက် ဝယ်လိုအားအရဈေး ကွက်တွင်ဆန်ဈေးမြင့်လာခြင်းနှင့်အတူ နယ်စပါးဈေးများပါ  မြင့်တက်လာခြင်း ဖြစ်သည်ဟု ဘုရင့်နောင် ဆန်ပွဲရုံပိုင်ရှင် ပိတောက်လမ်းမှဦးကျော်ထင်က ပြော သည်။  
     
ယခုအချိန်နှင့်နောက်စပါးအသစ် မထွက်မီလပိုင်းအထိ ဖြစ်ပေါ်လာမည့် စပါးဈေးနှုန်းအမြင့်ကို ငွေရင်းရှိသူ  လယ် သမားအကြီးစားနှင့် လှောင်လက်များ သာ အကျိုးခံစားရပြီး လယ်သမားအများ စုမှာစပါးသစ်ထွက်ပေါ်ချိန်  ဈေးနှုန်းဖြင့် ပင်ရောင်းချထားပြီးဖြစ်၍ မြင့်တက်လာ သောဈေးနှုန်းအမြင့်ကို  ခံစားနိုင်ခြင်း မရှိကြပါ၊ သို့သော်စားသုံးသူများသည် ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင်လက်လီဈေး  ငွေကျပ် ၃ဝဝဝ$ ဝန်းကျင်ကိုစပါး  အသစ် ထွက်ရှိပြီး  တစ်လဝန်းကျင်မှစ၍ ဝယ်ယူနေရပြီး မိုးကာလတွင် ယင်းဈေးနှုန်း ထက် များစွာဈေးမြင့်စွာဖြင့် ဝယ်ယူလာ ရနိုင်သည်ဟု ဘုရင့်နောင်ပွဲရုံဝင်းအတွင်း              ဆန်လုပ်ငန်းလုပ်ကိုင် နေသူကိုဝင်းနိုင်က  ပြောသည်။                             ခင်ဆိုင်(မြန်​မာ့အလင်း)

No comments:

Post a Comment