Latest News

Wednesday, February 21, 2018

လိုက်ဟဲဗီးဝိတ်တန်း က္ဘာ့ချန်ပီယံရှစ် ခါးပတ်လုပွဲ၌ တိုက်ကွက်ဆန်းများဖြင့် အနိုင်ယူမည်ဟု အောင်လအန်ဆန် ကြုံးဝါး

လိုက်ဟဲဗီးဝိတ်တန်း  က္ဘာ့ချန်ပီယံရှစ်  ခါးပတ်လုပွဲ၌
တိုက်ကွက်ဆန်းများဖြင့် အနိုင်ယူမည်ဟု အောင်လအန်ဆန် ကြုံးဝါး


ရန်ကုန်   ဖေဖော်ဝါရီ    ၂ဝ

One    Championship အဖွဲ့က    ဦးဆောင် ကျင်းပလျက်ရှိသော MMA (Mix  Martial  Art)     ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ      အတိုက်ပြိုင်ပွဲ ကြီး၏  လိုက်ဟဲဗီးဝိတ်တန်း    ကမ္ဘာ့ချန်ပီယံရှစ် ခါးပတ်လုပွဲတွင်      အောင်လအန်ဆန်    (မြန်မာ စပါးအုံးမြွေ)အနေဖြင့်  ယခု ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲ၌ ယခင်ပြိုင်ပွဲများကဲ့သို့   တိုက်ခိုက်သွားမည်မဟုတ် ဘဲ တိုက်ကွက်ဆန်းများနှင့် ပြိုင်ဘက်ကို  အနိုင်ယူ သွားမည်ဟု  ကြုံးဝါးပြောဆိုသည်။
ယနေ့     ညနေ   ၃   နာရီတွင်    ရန်ကုန်မြို့   အထက် ပန်းဆိုးတန်းလမ်းရှိ The Rose Hotel      ၌    ကျင်းပသော     ပွဲကြိုမီဒီယာရှင်းလင်းပွဲတွင်    အောင်လအန်ဆန် (မြန်မာစပါးအုံးမြွေ)က အထက် ပါအတိုင်း   ကြုံးဝါးပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ   ကချင်ပြည်နယ်ဖွား   အောင်လ အန်ဆန်သည် ၂ဝ၁၃  ခုနှစ် မှစတင်ကာ မြန်မာနိုင်ငံ၌  စတင်ကျင်းပခဲ့သော MMA  ပြိုင်ပွဲကို ယခုအကြိမ် ဝင်ရောက်       ယှဉ်ပြိုင်ထိုးသတ်မှုမှာ    ငါးကြိမ် မြောက်  ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး   သုံးကြိမ် မြောက်        ဝင်ရောက်         ယှဉ်ပြိုင်ထိုးသတ်ခဲ့သောMMA ကမ္ဘာ့ချန်ပီယံ  မစ်ဒယ်ဝိတ်တန်း  ခါးပတ် လုပွဲတွင်  ရုရှားနိုင်ငံသား   ဗစ်တာလီဘစ်ဒက်ရှ်ကို
ကစ်ဘောက်ဆင်နည်းဖြင့်    အမှတ်ယူကာ   လက်ရှိခါးပတ်ကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။   ယခုကျင်းပမည့်   MMAပြိုင်ပွဲသည်   မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ခြောက်ကြိမ် မြောက်       ကျင်းပခြင်းဖြစ်ပြီး          ယခု   အောင်လ ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ် မည့်ပွဲမှာ ငါးကြိမ်မြောက်ဖြစ်ကာ  အောင် နိုင်ပါက   ရွှေခါးပတ်နှစ်ခု ပိုင်ရှင်ဖြစ်လာ မည် ဖြစ်သည်။

''ကျွန်တော်  လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံရှစ်  ခါးပတ်လုပွဲအတွက် မိသားစုနဲ့   နှစ်လကြာခွဲခွာပြီး  နည်းပြ ဆရာတွေ  ပြောင်းလဲကာ လေ့ကျင့်ခဲ့ပါ တယ်၊ ပြိုင်ဘက် အလက်ဇန္ဒားမချာဒိုဟာ လိုက်ဟဲဗီးဝိတ်တန်းမှာ ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်သလို Ground Fight ငါ့အ မှာလည်း သူမတူလက်ဝှေ့ကျော် တစ်ဦး ဖြစ်ပါတယ်၊   သူက   ဂျူဂျစ်ဆုပိုင်းမှာ အတော်လေးကို       ကောင်းမွန်သေသပ်  ပါတယ်၊  ဒါကြောင့် Stand Fight နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ဖို့   ကြိုးစားလေ့ကျင့်ခဲ့ ပါတယ်၊  ဒီပြိုင်ပွဲမှာ အရင်ပြိုင်ပွဲတွေနဲ့ မတူဘဲ တိုက်ကွက်ဆန်းတွေနဲ့ ပြိုင်ဘက် ကို အနိုင်ယူဖို့ ကျွန်တော်  ပရိသတ်ကြီး ရှေ့မှာ  ကြိုးစား  ယှဉ်ပြိုင်သွားမှာပါ''ဟု အောင်လအန်ဆန် (မြန်မာစပါးအုံးမြွေ)က ပွဲကြိုပြင်ဆင်ထားမှုများနှင့် ပတ်သက် ၍ မီဒီယာများအား ပြောကြားသည်။
အောင်လအန်ဆန်သည်MMA    လိုက်ဟဲဗီးဝိတ်တန်း  ကမ္ဘာ့ချန်ပီယံရှစ် ခါးပတ်လုပွဲတွင် လက်ရှိMMA   လိုက် ဟဲဗီးဝိတ်တန်း၌  ပြိုင်ဘက်ကင်းနေသော ဘရားဇီးနိုင်ငံသား အလက်ဇန္ဒားမချာဒို နှင့်   ယှဉ်ပြိုင်ထိုးသတ်မည်    ဖြစ်သည်။ ယင်းလိုက်ဟဲဗီးဝိတ်တန်း  ကမ္ဘာ့ချန်ပီယံ ရှစ် ခါးပတ်လုပွဲကြီးကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ     အားကစားပြိုင်ပွဲရုံ(၁)၌ လာမည့် ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆ နာရီတွင်   အဓိက  Main   Fight  ပွဲစဉ်အဖြစ်   ယှဉ်ပြိုင်     ထိုးသတ်မည် ဖြစ်သည်။
အောင်လအန်ဆန်နှင့် လိုက်ဟဲဗီး ဝိတ်တန်း   ကမ္ဘာ့ချန်ပီယံရှစ် ခါးပတ်လု မည့် ဘရားဇီးနိုင်ငံသား အလက်ဇန္ဒား မချာဒိုကလည်း ပွဲကြိုလေ့ကျင့်ပြင်ဆင် ထားမှုနှင့်ပတ်သက်ပြီး    ''ဒီပြိုင်ပွဲဟာ ကြီးမားပြင်းထန်တဲ့      ပြိုင်ပွဲဖြစ်သလို အောင်လအန်ဆန်ဟာလည်း  အိမ်ရှင် ပြည်သူတွေရဲ့    အားပေးလက်ခံထားတဲ့ ကစားသမားကောင်းတစ်ဦးပါ၊ ဒီခါးပတ် ရဖို့ ကျွန်တော်လည်း အချိန်ပေးလေ့ကျင့် စောင့်ဆိုင်းနေခဲ့တာကြာပါပြီ၊   အထူး သဖြင့် ပြိုင်ဘက်ကောင်းမပေါ်သေးလို့ နားနေတာ တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါး ရှိပါပြီ။ ဒီပွဲအတွက် အချိန်ယူလေ့ကျင့်ခဲ့ တာတွေကို       တန်ဖိုးမဲ့အောင်တော့ ကျွန်တော်လုပ်မှာမဟုတ်ပါဘူး၊  ဒီပြိုင်ပွဲ ဟာ ပြင်းထန်သလိုMMA လောကရဲ့ လှပတဲ့ပြကွက်တွေလည်း   မြင်တွေ့ရမှာ ဖြစ်ပါတယ်''ဟု ပြောကြားသည်။
အလက်ဇန္ဒား         မချာဒိုသည် အောင်လအန်ဆန်နှင့် ပြီးခဲ့သော ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ   ၃  ရက်က   ယှဉ်ပြိုင် ထိုးသတ်ခဲ့သော    အလိန်းနဂါလာနီကို အောင်လအန်ဆန်ကဲ့သို့ ဂျူဂျစ်ဆုနည်း ဖြင့် ဒုတိယအချီတွင်  အနိုင်ရကာ လက်ရှိ လိုက်ဟဲဗီးဝိတ်တန်းတွင် ပြိုင်ဘက်ကင်း နေသော MMAလက်ဝှေ့ကျော်တစ်ဦး ဖြစ်သည်။
ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆ နာရီတွင် ယှဉ်ပြိုင်ထိုးသတ်မည့် One Champion ship  ၏ ခြောက်ကြိမ် မြောက် MMA (ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံ) အတိုက်ပြိုင်ပွဲတွင် လိုက်ဟဲဗီး ဝိတ်တန်း  ကမ္ဘာ့ချန်ပီယံရှစ် ခါးပတ်လုပွဲ ကြီးအဖြစ် အောင်လအန်ဆန်(မြန်မာ) နှင့်   အလက်ဇန္ဒားမချာဒို(ဘရာဇီး)၊ ဖိုးသော်(မြန်မာ)နှင့်    ဆိုဆေး(ကမ္ဘော ဒီးယား)၊    အီတန်(မလေးရှား)နှင့် အာရီရယ်ဆက်တန် (ကော်စတာရီကာ)၊ ဒေဟွမ်ကင်(ကိုရီးယား)နှင့်     တာကီ နာကာ (ဂျပန်)၊ အာမီခန်(စင်ကာပူ)နှင့် တင်မိုဖီ(ရုရှား)၊    ရိုဒင်(ဖိလစ်ပိုင်)နှင့် လီကင်ဝါ(တရုတ်)၊ စောမင်းမင်း(မြန်မာ)နှင့်   ရဲသွေးနီ(မြန်မာ)၊   အန်တိုနီရာ (မြန်မာ)နှင့်    လင်းယုံမေ(မြန်မာ)တို့ အပါအဝင်  စုစုပေါင်း   တွဲဆိုင်းရှစ်ဆိုင်း ပါဝင်ယှဉ်ပြိုင်        ထိုးသတ်ကြမည်ဖြစ် သည်။
မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment