နေပြည်တော်၊ ဖေဖော်ဝါရီ ၇
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး
ဌာန၏ ကြီးကြပ်မှု၊ Osuga Myanmar
Co., Ltd .၏ စီစဉ်မှုဖြင့် ဒိန်းမတ်နိုင်ငံ
သား ကမ္ဘာလှည့်ခရီးသွားဧည့်သည်
ခုနစ်ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်
မော်တော်ဆိုင်ကယ်ခြောက်စီးဖြင့် ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ မြဝတီ-ကျိုက်ထီးရိုး
-နေပြည်တော်-အင်းလေး-မန္တလေး-ပုဂံ-ပြည်-ပဲခူး-မော်လမြိုင်-ဘားအံ-
မြဝတီ ခရီးစဉ်များကို သွားရောက်၍ ခရီးစဉ်တစ်လျှောက်ရှိ ခရီးသွားဆွဲ ဆောင်မှုရှိသော နေရာများကို လည်
ပတ်ခဲ့ကြသည်။
ထို့အပြင် ဟိုတယ်နှင့် ခရီးသွား
လာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Mother Ayeyarwaddy Co., Ltd.
၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ၁၃ ဦးသည် မော်တော်ယာဉ်တစ်စီး၊
မော်တော်ဆိုင်ကယ် ၁ဝ စီးတို့ဖြင့် ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၁
ရက်အထိ တာချီလိတ်-ကျိုင်းတုံ-
တောင်ကြီး-အင်းလေး-ပုဂံ-မန္တလေး
-တောင်ငူ-ရန်ကုန်-ကျိုက်ထီးရိုး-မြဝတီစသည့် ခရီးစဉ်များသို့ သွား ရောက်လေ့လာလည်ပတ်ခဲ့ကြသည်။
ခရီးသွားပွင့်လင်းရာသီဖြစ်သည်
နှင့်အညီ ကမ္ဘာလှည့်ခရီးသွား ဧည့်
သည်များသည် မြန်မာနိုင်ငံသို့ တစ်ဦး
ချင်းအလိုက်သော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း၊ ကိုယ်ပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်၊
စက်ဘီးများဖြင့်လည်းကောင်း ဝင်
ရောက်လေ့လာ လည်ပတ်လျက်ရှိ ကြောင်း သိရသည်။
(ကြေးမုံ)
No comments:
Post a Comment