Latest News

Wednesday, February 7, 2018

ဆိုင်ကယ်နှင့်ခရီးသည်တင်ယာဉ်မျက်နှာချင်းဆိုင်တိုက်၊ တစ်ဦးသေ

ဆိုင်ကယ်နှင့်ခရီးသည်တင်ယာဉ်မျက်နှာချင်းဆိုင်တိုက်၊ တစ်ဦးသေ


ကျောက်ဆည်  ဖေဖော်ဝါရီ  ၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ဆည်ရွာကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ခရီးသည်တင်ယာဉ်နှင့်ဆိုင်ကယ်တို့  မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သည့်အမျိုးသားမှာ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခရီးသည်တင်လိုင်းကား7A/----- HILUXသည် ခရီးသည် များ တင်ဆောင်ပြီး မန္တလေးသို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း ပလိပ်မြို့ ဂတ်စ်ဆိုင်လမ်းအတိုင်းမောင်းနှင်လာစဉ် ပလိပ်မှ   စဥ့်ကိုင်မြို့နယ် စံပြ ကျေးရွာနေ မင်းမင်းသန့်(၂၁)နှစ် မောင်းနှင်လာပြီး နောက်မှ မိုးသူ(၂ဝ)နှစ် လိုက်ပါလာသည့်  ၂၄ယ/----- New Anbo-110 အနက်ရောင် ဆိုင်ကယ်နှင့်  လမ်းဟောင်းမိုင်တိုင် (၄၁၇/၂-၃)တွင် မျက်နှာချင်းဆိုင်  တိုက်မိရာ  ဆိုင်ကယ်မောင်းနှင်သည့် မင်းမင်းသန့်မှာ နေရာတွင်  သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှလိုက်ပါလာသည့် မိုးသူမှာ စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သည်။

ခရီးသည်တင်ယာဉ်မှာ ထွက်ပြေးမောင်းနှင်သွားသဖြင့်  အမြန်ဖမ်းဆီး ရမိရေး ပလိပ်နယ်မြေရဲစခန်းမှူး ရဲအုပ်လှညွန့်က ဆက်စပ်မြို့နယ် ရဲစခန်းများ နှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ည ၇ နာရီ မိနစ် ၂ဝ တွင် ကျောက်ဆည်မြို့မ ရဲစခန်းက ပူးပေါင်းဆောင်ရွက်သတင်းပေးမှုကြောင့်  ကျောက်ဆည်မြို့ ဖောင်ရွာ ရွာသစ်ရပ်ကွက်နေ ယာဉ်မောင်း တင်မိုးအောင် (၂၉)နှစ်အား ယာဉ်နှင့်အတူဖမ်းဆီးရမိပြီး ¤င်းအား   ပလိပ်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။  သက်မောင်(ကျောက်ဆည်)​ကြေးမှုံ

No comments:

Post a Comment